[Zawgyi]
သူ ပစ်ခံရတဲ့အချိန်ကနေစပြီး ရှန့်ခယ် ၀ိဥာဉ်က သူ့ကိုယ်ကနေ ထွက်ခွာသွားတယ် ဒါပေမဲ့ System အာကာသနယ်ဆီချက်ချင်းမပြန်ရဘူး..ဒါပေမဲ့ သိပ်ပြီး ကြာမှာတော့မဟုတ်ဘူး..အလွန်ဆုံး ဒီကမ္ဘာကနေ နောက်ထပ်ဆယ်မိနစ်နီးပါးလောက်ထပ်စောင့်ရုံပဲ
"သူ့ကိုကယ်..မင်းဘယ်လိုနည်းသုံးသုံးငါဂရုမစိုက်ဘူး အရေးကြီးတာသူပြန်ရှင်လာဖို့ပဲ! "
ရာဗယ်(လ်) ဘန်နီရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး ပြောလိုက်တဲ့အချိန်မှာ မျက်ဝန်းတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေခဲ့တယ်..ဘန်နီ သူ့လက်နာနေတာကို အာရုံမထားဘဲ စိတ်ရှည်ရှည်ပြောလိုက်တယ်
"အရှင်မင်းကြီး...ပူဆွေးသောကရောက်မနေပါနဲ့တော့..ကေ့(ခ်ျ)ကို ကယ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး တကယ်လို့အတင်းအကြပ်ကယ်ဖို့ကြိုးစားနေရင်..
သူ့လက်ကျန်အင်္ဂါတွေပဲပိုချို့ယွင်းသွားလိမ့်မယ် အရှင်မင်းကြီးဒီလိုမြင်ချင်တာလား.."ရာဗယ်(လ်)လက်ကိုဖြည်းဖြည်းချင်းလွှတ်ပေးလိုက်တယ်..သူ့ရဲ့အကြည့်တွေက မြေပြင်ပေါ်က ကောင်လေးဆီပြန်ရောက်သွားတယ်..ကြည်လင်နေတဲ့ရေခဲလွှာထဲကကောင်လေးကပြုံးနေတယ်..မျက်ဝန်းတွေက ထုံးစံအတိုင်းနူးညံ့နေပြီး အသက်ဝင်တောက်ပနေတုန်းပဲ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကတင် သူ့ဘေးနားမှာ ရပ်နေခဲ့ သူ့လက်ကိုဆွဲခဲ့ပြီး သူနဲ့ အတူတူ ပန်းခွေဂါဝရပြုခဲ့ကြသေးတယ်လေ...နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ့လက်ထဲသေဆုံးသွားရတာကို ဘာမှမတတ်နိုင်ပဲ ကြည့်နေရတယ်..
ဒီငတုံးကောင်..! လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်သေးပဲ သူ့ကိုကယ်ဖို့လုပ်သေးတယ်!
ရာဗယ်(လ်)့အတွေးထဲ ကေ့(ခ်ျ) သူ့ရှေ့ခုန်ဝင်လာတဲ့ ပုံစံက ထပ်တလဲလဲ ၀င်လာနေတယ် သူ့ရဲ့ အေးစက်လှတဲ့မျက်ဝန်းပြာတွေက မြူမှုန်တွေဖုံးထားသလိုပဲဝါးနေတယ်..
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...