အပိုင်း ၁၁၆ ။ ကျန်းယွီမော့ဘဝ (RE)

7K 703 22
                                    

[Zawgyi]

(Re Arc မဖတ်ခင် အတွဲ ၂ ကျန်းယွီမော့ဘဝအား ပြန်လည်ဖတ်ရှူပါရန်)

"မင်းခွဲစိတ်တာပြီးသွားရင် ကိုယ်တို့လက်တွဲကြရအောင်"

"ခွဲစိတ်တာပြီးသွားရင် အဲအကြောင်းပြောကြတာပေါ့"

ကျန့်ချန်ဖုန်း တစ်ခါတုန်းက နှလုံးသားထဲ မျှော်လင့်ချက်အပြည့်နဲ့ သူတို့တွေ အတူတူရှိနေနိုင်မယ်လို့ ယုံကြည်ခဲ့မိတယ်။ ဒါပေမဲ့ အဲလူကတော့ သူ့ညီမအတွက် အသက်ကို စတေးသွားလေရဲ့...။

ကျန့်ရှင်းက ယွီမော့နှလုံးသားကို ရသွားတဲ့အချိန် သူတို့ကတော့ သူ့ကို ဗလာသက်သက်ချန်ထားခဲ့ကြတယ်။

ဒီလူသားကို ဆုံးရှုံးပြီးတာတောင် ဘဝကြီးက ဆက်လက်လည်ပတ်နေရတုန်းပဲ။ ဒါပေမဲ့ ကျန့်ချန်ဖုန်း ဘယ်တော့မှ ထပ်မပြုံးနိုင်တော့ဘူး။

သူ အဲလူကို မြင်ရတာ ရွံရှာတယ်။ သူမကိုမြင်မိတိုင်း သူမရင်ဘတ်ထဲက နှလုံးသားဟာ တစ်ချိန်က သူ ချစ်ရသူပိုင်ဆိုင်ထားခဲ့တာဖြစ်ကြောင်း သတိပေးနေသလို ဖြစ်နေလို့ပဲ။

သူမက သူ့ညီမဖြစ်တဲ့အတွက် ကျန့်ချန်ဖုန်းဟာ သူမတစ်ဘဝလုံးကိုတော့ ကာကွယ်ပေးမှာပဲ။ ဒါပေမဲ့ ကျန့်ရှင်းအသစ်ဟာ ပိုပြီး ခေါင်းမာလာတယ်။ အတိတ်တုန်းက သူမကိုယ်ကြောင့် အိမ်မှာပဲ အများအားဖြင့်နေရတဲ့သူ။ ဒါပေမဲ့ ကျန်းမာတဲ့ ကိုယ်ခန္ဓာရရှိသွားတဲ့နောက် သူမက ဒါကို တန်ဖိုးထားဖို့ ငြင်းဆန်ပြီး သံသယဝင်ဖို့ကောင်းတဲ့ စရိုက်နဲ့ လူတွေကို အပေါင်းအသင်းလုပ်ဖို့ အပျော်အပါးနေရာတွေကို မကြာခဏသွားလည်တယ်။

သူမကအကြောင်းမရှိ ငွေတွေကိုဖြုန်းတီးပစ်ပြီး မာနကြီးကာ အထက်စီးဆန်လာတယ်။ တဖြည်းဖြည်းနဲ့ လုံးဝကို မတူညီတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့တယ်။

သူ့ညီမက အဲလောက်တောင် ဦးနှောက်မရှိမယ်လို့ ကျန့်ချန်ဖုန်း မသိခဲ့ဘူး။ သူမ တမင်သက်သက် စာရိတ္တပျက်နေတာလား မွေးရာပါလားပဲ။ ယွီမော့ရဲ့ စတေးမှုဟာ တကယ်တော့ လုံးဝမထိုက်တန်လှဘူး။ သူအသက်ပေးခဲ့တဲ့ အမျိုးသမီးဟာ သူ့အပေါ် ကျေးဇူးတင်တဲ့ ခံစားချက်တစ်စုံတစ်ရာမရှိခဲ့။ အဲအစားသူမက သူမရပိုင်ခွင့်လိုမျိုး ဇိမ်ခံပြီး ကျေးဇူးကန်းတဲ့ နေထိုင်မှုမျိုးနဲ့ ဘဝကိုဖြတ်သန်းနေတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now