[Zawgyi]
၂လကြာပြီးနောက် လုရှုဖန်နောက်ဆုံးတော့ ပျောက်ကင်းလုနီးပါးရှန့်ခယ်ကို အိမ်ပြန်ခေါ်လာခဲ့ပြီး အိမ်လုံခြုံရေးကို ရေတစ်စက်ပင် မလွတ်မြောက်နိုင်သည်အထိ တိုးမြှင့်လိုက်သည်။
ရှန့်ခယ်တွင် ယခုတော့သီးသန့်ဒရိုက်ဘာများ၊ သီးသန့် ထိန်းသိမ်းရေးဝန်ထမ်း၊ သီးသန့်အထည်ချုပ်သမားများ၊ သီးသန့် စားဖိုမှုး စသဖြင့် ရှိနေပြီ။ ဒီလူများက သူ့နေ့စဉ်ဘဝ၏အခြေခံလိုအပ်ချက်များကို
ဖြည့်စည်းပေးရန် တာဝန်ရှိနေပြီး သူကတော့လုရှုဖန်အား ဂရုစိုက်ရန်တာဝန်ရှိလေသည်။
အဓိကတာဝန်ပြီးမြောက်သွားပြီဖြစ်၍ ရှန့်ခယ်မှာ စာချုပ်ထိန်းသိမ်းသူများဆီအာရုံပြောင်းလိုက်သည်။ အပိုဆောင်းတာဝန်မှာ စာချုပ်ထိန်းသိမ်းသူများအား ကာကွယ်ပေးရန်အတွက် စနစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်သည်။ ဤစနစ်သည် အမှန်တကယ်တော့ တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှလေပြီ။ တစ်ခုတည်းသောပြသနာမှာ သူ့သက်ရောက်မှုသည် ယခုလက်ရှိတွင်ပျောက်ဆုံးသွားခဲ့ခြင်းပင်။ ရှန့်ခယ်သည် စာချုပ်ထိန်းသိမ်းသူများအား တစ်ဖန် အသိအမှတ်ပြုရန် ပြည်သူလူထုကို တိုက်တွန်းဖို့လိုအပ်နေသည်။
စာချုပ်ထိန်းသိမ်းသူများ၏ စွမ်းဆောင်ရည်သည် မညီမျှကာ သူတို့၏နဂိုမူလ ပညာရေးနှင့်အတွေ့အကြုံပေါ်တွင်မူတည်သည်။ သူတို့ခံစားချက်များပျောက်ကင်းနေပြီး ပုံတူရုပ်ပွားများကဲ့သို့ အသက်မပါ ခပ်တောင့်တတောင့်ဖြစ်နေသည်ဟုထင်ရသော်ငြား အမှန်တကယ်တော့ သူတို့အားလုံးတွင် ကွဲပြားသော ပင်ကိုယ်အရည်အကသွးများရှိကြသည်။ တချို့က စကားပြောကြွယ်သည်။ တချို့ကနှုတ်နည်းသည်။ အချို့က အေးစက်ကာ စူးရှသည်။ သူတို့ပျောက်ဆုံးနေသည့်အရာမှာ ဆန္ဒများချို့တဲ့နေခြင်းနှင့် ကိုယ်ပိုင်အတွေးအခေါ်များပင်ဖြစ်သည်။ သူတို့ကို စည်းမျဉ်းများ၊ ပြဌာန်းချက်များဖြင့် လိုက်နာစေကာ စနစ်တကျဖြစ်သောဘဝတွင်နေထိုင်စေသည်။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...