[Zawgyi]
ယွဲ့ရွှမ်ကို သီးသန့်ခန်းထဲသို့ ပြန်ခေါ်လာပြီးနောက် သခင်မကြီးချန်းသည် ချက်ချင်းဆိုသလိုသူ့ဘေးပစ်ဝင်ထိုင်ကာ မျက်နှာကိုကိုင်၍ ကတုန်ကယင် မေးလေသည်။
"ရှောင်ရွှမ်၊ မင်းဘယ်လိုနေလဲ"
ယွဲ့ရွှမ်သည် သခင်မကြီးချန်းကို မျက်နှာသေအမူအရာဖြင့်သာ ကြည့်နေပြီး စကားတစ်လုံးမှမပြောပေ။သခင်မကြီးချန်းမျက်ဝန်းထဲမှ မျက်ရည်များစီးကျလာကာ အသံတုန်တုန်ယင်ယင်ဖြင့် ပြောတော့သည်။
"သူတို့တွေမင်းကို တကယ်ပဲ ခွဲစိတ်ခဲ့တာလား၊ ရှောင်ရွှမ်း ကျေးဇူးပြုပြီး မမှန်ဘူးလို့ အမေ့ကိုပြောပါဦး"
ယွဲ့ရွှမ်သည် စကားတစ်လုံးမှ မပြောသေးပေ။ သူ့မျက်ဝန်းများသည် အသက်မဲ့နေပြီး ငြိမ်သက်နေကာ ရေသေကန်တစ်ခုအလား သက်ဝင်တက်ကြွမှု မရှိပေ။သခင်မကြီးချန်း၏နှလုံးသားသည် ထိုမြင်ကွင်းကြောင့် အဆုံးအစမဲ့ နာကျင်သွားကာ အပြင်ဘက်ရှိလူများကို အရူးမတစ်ယောက်ကဲ့သို့ အော်ဟစ်ပြောတော့သည်။
"လုရှုဖန် မင်း အမိန့်အာဏာမရှိပဲ အတ္တတကြီးနဲ့ ပြုမူခဲ့တာ၊ ယွဲ့မိသားစုနဲ့ချန်းမိသားစုက သေချာပေါက် မင်းဆီက တရားမျှတမှု ရအောင်ပြန်ရှာမယ်"လုရှုဖန်သည် အခန်းပြင်တွင် ရပ်နေကာ
ဂရုမထားသော မျက်နှာဖြင့် ခံစားချက်မဲ့စွာကြည့်နေသည်။ထိုအခိုက်အတန့်တွင် သူ့ ဆက်သွယ်ရေးကိရိယာ မြည်လာသည်။ ဖုန်းခေါ်ဆိုသူက ရှန့်ခယ်အတွက် ငှားထားသည့် သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်နေသည်။
လုရှုဖန် ဖုန်းဖြေလိုက်ပြီး စကားလုံးအနည်းငယ် နားထောင်ပြီးနောက်မှာတင်
သူ့အမူအရာက အင်မတန်ကိုကြောက်လန့်ဖွယ်ကောင်းသွားသည်။ သူချက်ချင်းလှည့်ထွက်ပြီး အစောင့်များကိုခေါ်ကာ သက်ဖြတ်ချင်စိတ်များ လွှင့်ထုတ်နေတော့၏။သူ့ကာကွယ်မှုအောက်တွင်ရှိနေတုန်း ရှန့်ခယ်သည် ဒီလိုမျိုး အန္တရာယ်ကြုံရသည်!
လု့ရှုဖန်၏ ခန္ဓာကိုယ်တင်းမာသွားပြီး
တစ်စုံတစ်ယောက်ကိုကိုက်ရန် ပြင်ဆင်နေသော ဆာလောင်နေသည့် သားရဲတစ်ကောင်ပမာဖြစ်နေသည်။ ပတ်ပတ်လည်မှ အစောင့်များမှာ ကြောက်ရွံ့လှ၍ အသက်တောင် ရဲရဲမရှုရဲကြပေ။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...