အပိုင်း ၂၂ ။ အိုဆာရီဘဝ

15.5K 2.1K 54
                                    

[Zawgyi]

Translator - No_Coz

ယုံကြည်ရာ (၂)

သူတို့ကို အတူတူ လိုက်ပါခရီးဆက်ခွင့်ပြုခဲ့ပေမယ့်လည်း မယုံနိုင်သေးမှန်း ရှန့်ခယ် သိတယ်။ တိုက်ခိုက်ခံရတာနဲ့ ပါတ်သက်လို့ ရှန့်ခယ်ကို တစ်လမ်းလုံး မေးလား မြန်းလား လုပ်လာခဲ့ကြတာ။ ရှန့်ခယ်လည်း ဇာတ်လမ်းကောက်ဆင်ပြီး လျှောက်ပြောလိုက်တယ်။ သူတို့မှာလည်း ရှန့်ခယ်ရဲ့ ဇာတ်လမ်းကို မှန် မမှန် စုံစမ်းနိုင်စွမ်းမှ မရှိဘဲလေ။

ညရောက်တော့ ဂွင်းနဲ့ သူ့ကျောင်းသားတွေ ရေအလွယ်တူရနိုင်တဲ့ တစ်နေရာမှာ စခန်းချပြီး မီးမွှေး ချက်ပြုတ်ဖို့ လုပ်ကြတယ်။ ရှန့်ခယ်နဲ့ ဖူဖူကတော့ အနီးတစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ကာ ကြည့်နေကြတယ်။

အဲ့အချိန်မှာ ယိုရီ လျှောက်လာပြီး ရှန့်ခယ်ကို အဝတ်အစားသစ်တစ်စုံ ပေးလိုက်တယ်။ သူက ပြုံးရင်းနဲ့ ဆိုတယ်။ "မင်းတစ်ကိုယ်လုံး သွေးတွေ စွန်းနေတာ... မြစ်ထဲမှာ ရေသွားချိုးပြီး ဒါနဲ့ လဲဝတ်လိုက်..." နောက်တော့ သူက ဖူဖူကို ကြည့်လိုက်ပြီး အားတုံ့အားနာနဲ့ ဆိုတယ်။ "ငါတို့မှာ ကလေးအင်္ကျီတော့ မပါဘူး... သူ့ကို လောလောဆယ်လူကြီးဝတ်တွေပဲ ပေးဝတ်ထားရတော့မှာပဲ..."

"ကျေးဇူတင်ပါတယ်..." ရှန့်ခယ် သူ့ကို ပေးလိုက်တဲ့ အဝတ်အစားတွေကို ယူပြီး ဖူဖူကို လက်ဆွဲကာ မြစ်ဘက် ခေါ်လာလိုက်တယ်။

သူ အဝတ်အစားသစ်တွေကို ကျောက်တုံးသန့်သန့်ပေါ် တင်ထားလိုက်ပြီး သူ့ရဲ့ ဝတ်ရုံနက်ကို ချွတ်လိုက်တယ်။ ဆံပင်နက်မှောင်ရှည်ရှည်တို့ ရေတံခွန်ပမာ သူ့ပုခုံးပေါ်ကနေ ဝဲကျလာပြီး ခြေကျင်းဝတ်ကို တိုင်လေတယ်။

ဖူဖူလည်း သူလုပ်တဲ့အတိုင်း လိုက်လုပ်တယ်။ သူမကိုယ်ပေါ်က ညစ်နွမ်းနေတဲ့ အဝတ်အစားတွေကို ချွတ်လိုက်တယ်။

ရှန့်ခယ်လည်း အတွင်းဝတ်သာ ဝတ်ထားတဲ့ ဖူဖူကို ငုံ့ကြည့်လိုက်တယ်။

ဖူဖူကလည်း သူမ ခေါင်းကလေးကို မော့ကာ ရှန့ခယ်နဲ့ ရှ့်ခယ်ရဲ့ ဆံပင်တွေကို မော့ကြည့်လေတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now