အပိုင်း ၃၂ ။ အိုဆာရီဘဝ

12K 2K 119
                                    

[Zawgyi]

Translator - No_coz

ယုံကြည်​ရာ (၁၂)
~~~~~~~~~~~

ရှန့်​ခယ်​ စောင်​ပျော့ကလေးကို ခုမှီထားရင်း မျက်​လုံးမှိတ်​ကာ အနားယူနေလိုက်​တယ်​။ သူ့ဒဏ်​ရာတွေကို ပတ္တီးအသစ်​လဲလှယ်​ပေးထားပြီး ဝတ်​ရုံတစ်​ခုလဲဝတ်​ထားတယ်​။ ဝတ်​ရုံအရှေ့ဘက်​ကို ခပ်​ဟဟလှစ်​ထားတော့ မီးလျံတငြီးငြီးတောက်​လောင်​နေတဲ့ ပန်းပွင့်​လွှာတွေကို မြင်​နေရနိုင်​တယ်​။ သူ့ဆံချည်​မျှင်​ရှည်​တွေက နှစ်​စု သုံးစု ပြေကာကျနေတော့ ခုထားတဲ့ စောင်​ ပတ်​လည်​မှာ ရံနေလေရဲ့။

တိုင်​လာ ရှန့်​ခယ်​ဆံမျှင်​အချို့ကို ယူဆော့ကိုင်​နေရင်း ရုတ်​တရက်​ ပြောလာတယ်​။ "ရှန့်​ခယ်​... ကိုယ်​တို့ သစ်​ပင်​ကြီးကို စည်းချပြီးသွားရင်​ အတူတူနေရအောင်​...? ကိုယ်​ မင်းကို ဂရုစိုက်​ပေးသွားမယ်​..."

ရှန့်​ခယ်​ မျက်​လုံးကို ဖွင့်​ပြီး သူ့ရဲ့ တည်​တည်​တံ့တံ့မျက်​နှာပေးကို မော့ကြည့်​ကာ ပြုံးလျက်​ ပြန်​ပြောလိုက်​တယ်​။ "ငါ့ဘာသာ ငါ ဂရုစိုက်​နိုင်​ပါတယ်​ကွာ..."

"ကိုယ်​ဆိုလိုတာကို မင်း သိပါတယ်​..." တိုင်​လာ့အကြည့်​က စွဲမြဲခိုင်​မာမှုတို့ အပြည့်​။ သူ့မျက်​ဝန်းအနက်​ရှိုင်းဆုံးကနေ မီးလျံစလေး တဖိတ်​ဖိတ်​တောက်​လောင်​နေသေးတယ်​။

"တိုင်​လာ... မင်းက မင်းသားတစ်​ပါးဆိုတာ မေ့သွားတာလား..." ရှန့်​ခယ်​က သူ့ရင်​ခွင်​ကို မှီကာ အိပ်​ပျော်​နေတဲ့ ဖူဖူကို ငုံ့ကြည့်​ရင်း ပြောလိုက်​တယ်​။

"ကိုယ်​ အသက်​ပြည့်​ပြီးကတည်းက ထီးနန်းကို စွန့်​လွှတ်​တယ်​လို့ ကြေငြာထားပြီးသား... အခုတော့ ကိုယ်​က တော်​ဝင်​မိသားစုမှာ သာမန်​လူတစ်​ယောက်​သာသာပါပဲ..." တိုင်​လာ့လေသံက ခပ်​တွေးတွေးနှင့်​ ဆက်​ပြောလာတယ်​။ "​ကိုယ့်​ရဲ့ လက်​တွဲဖော်​ပါဆိုပြီး မင်းကို ပေါ်ပေါ်ထင်​ထင်​ထုတ်​ပြခွင့်​ မရှိရင်​သာ မရှိဘဲနေမယ်​... ဒါပေမယ့်​ မင်းတစ်​ယောက်​တည်းအပေါ်ပဲ သစ္စာရှိပါမယ်​လို့ ကိုယ်​ ကျိန်​ဆိုရဲတယ်​..."

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now