[Zawgyi]
Translator - No_Coz
ယုံကြည်ရာ (၈)
~~~~~~~~~"ချစ်သူတွေတဲ့လား... ဒီလောက်. . . နက်ရှိုင်းတဲ့ ဆက်ဆံရေးမျိုး ငါတို့မှာ ဖြစ်နိုင်တယ်လို့ မင်း ဘယ်လိုများ တွေးမိရတာလဲ..." ပြီးခဲ့တဲ့ လတွေမှာ သူ တိုင်လာနဲ့ တရင်းတနီးနေတာမျိုး ခေါ်ပြောဆက်ဆံတာမျိုး မရှိခဲ့ဘူးဆိုတာ ရှန့်ခယ် သေချာသလောက်ရှိတယ်။ သူ့ဆီမှာ အစားလာစားတာရယ်၊ တစ်ခါတစ်လေ စကားနည်းနည်းပြောဖြစ်တာရယ်လောက်ပါပဲ။ သူတို့ကြားက ဆက်ဆံရေးက သာမန်ပါပဲ။
"ဘယ်လိုဖြစ်သွားလဲတော့ ကိုယ်လည်း မသိဘူး..." တိုင်လာက တုံးတိတိ ပြန်ဖြေတယ်။
'မင်းလည်း မသိဘူးတဲ့လား...'
ရှန့်ခယ်ကတော့ အင်မတန်ရိုမန်းတစ်ဆန်တဲ့ ဖွင့်ပြောမှုတွေ၊ ကဗျာဆန်ဆန် ချစ်ရေးဆိုခြင်းတွေ စသည် စသည် ကြားရတော့မယ် ထင်နေတာ။ ဒါပေမယ့် သူက မသိဘူးလို့ ပြန်ဖြေသတဲ့လေ။
တိုင်လာ ရှန့်ခယ်ကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပြောနေလိုက်တယ်။ "ပတ်သက်ဆက်နွယ်မှုတွေ အများကြီးထဲမှာမှ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို "ချစ်သူ"တစ်ယောက်ဖြစ်သင့်တယ် ထင်တာပဲ... ဒါကြောင့် ကိုယ်တို့ ချစ်သူတွေလို နေလို့ရမယ် ထင်တယ်..."
ရှန့်ခယ် မမေးဘဲ မနေနိုင်ခဲ့။ ". . . ဘယ်လို ဘယ်လိုတွေ တွေးလိုက်လို့... လိင်တူ အချင်းချင်း ချစ်ကြိုက်တာကို ဖြစ်ရိုးဖြစ်စဉ်လို မင်း လက်ခံနိုင်ရတာလဲ..."
တိုင်လာ တစ်ခဏတော့ ငြိမ်သက်သွားပြီး ပြန်ဖြေတယ်။ "ဘာကြောင့်လဲ ကိုယ် မသိဘူး... ဒါပေမယ့် ကိုယ်ခံစားမိတာက ကိုယ် မင်းနဲ့ ပတ်သက်ဖို့ အမြန်မကြိုးစားရင်... လူသိရှင်ကြား မင်းနဲ့ လက်မတွဲထားရင်... နောင်တစ်ချိန် နောင်တရစရာတွေ ဖြစ်လာမယ်လို့..."
သူ့အဖြေကြားတော့ ရှန့်ခယ် မလုံမလဲဖြစ်သွားမိတယ်။ ဒူးခေါင်းကို မျှားမှန်သွားလို့ လဲကျသွားရသလိုပဲ. . .
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...