အပိုင်း ၂၉။ အိုဆာရီဘဝ

13.5K 2K 100
                                    

[Zawgyi]

ရှန့်​ခယ်​က သူ့အိမ်​မှာ ဆက်​နေမှာဖြစ်​ကြောင်း တိုင်​လာတစ်​ယောက်​ ခိုင်​ဆာ့ကို အကြောကြီးနဲ့ ပြောလိုက်​ပေမယ့်​ ရှန့်​ခယ်​ကတော့ ဝမ်းသာအားရ ခိုင်​ဆာနဲ့ ပြန်​လိုက်​သွားသတဲ့။ တိုင်​လာရဲ့ မှိုင်​တိုင်​တိုင်​ ဝမ်းနည်းသွားတဲ့ မျက်​နှာလေးကို လုံးဝ ဂရုမစိုက်​ဘဲနဲ့ပေါ့။

အပြန်​လမ်းမှာ ခိုင်​ဆာ သူ့ဘေးက လူငယ်​ကို တောက်​လျှောက်​ကြည့်​လာခဲ့တယ်​။ ခန့်​ညားချောမောသော မျက်​နှာ သွင်​ပြင်​၊ လှိုင်းကြက်​ခွပ်​လေးတွေလို ရွှန်းလဲ့နေတဲ့ မျက်​ဝန်းတစ်​စုံ၊ ပြီးတော့ ပိုးသားလိုတောက်​ပြောင်​စွာ လျှောကျနေတဲ့ နက်​မှောင်​သော ဆံသားတွေ။ သူ့ရဲ့ လှုပ်​ရှားမှုတိုင်း အမူအရာတိုင်းဟာ သဟဇာတမျှ ပြီး မွန်​မြတ်​နေတယ်​။ အရေးအကြီးဆုံးက သူဟာ ဖြူ စင်​ရိုးသားပြီး စိတ်​ဓာတ်​ခိုင်​မာတယ်​။ သူ တွေးကြည့်​ပြီးတဲ့နောက်​ တိုင်​လာ ရှန့်​ခယ်​ကို ချစ်​မိသွားတာ မဆန်းပါဘူးလို့ သူ နားလည်​သွားတယ်​။

"ဘာဖြစ်​လို့လဲ..." ရှန့်​ခယ်​က သူ့ဘက်​ကို လှည့်​ကာ မေးလိုက်​တယ်​။

ဖူဖူကလည်း သူ့ကို စူးစမ်းလိုသော အကြည့်​တွေနဲ့ လှည့်​ကြည့်​တယ်​။

"ဘာ- ဘာမှ မဟုတ်​ပါဘူး..." ခိုင်​ဆာလည်း ချက်​ချင်း အကြည့်​လွှဲလိုက်​ရတော့တာပေါ့။ ခုနက အကြည့်​တစ်​ချက်​နဲ့တင်​ သူ့နှလုံးသားလေးက အခုန်​မြန်​သွားပြီ။ သူ အစက ရှန့်​ခယ်​နဲ့ တိုင်​လာတို့ ပတ်​သက်​မှုအခြေအနေကို မေးကြည့်​ချင်​တာ။ ဒါပေမယ့်​ အဆုံးသတ်​မှာတော့ သူ ဘာမှ မမေးဖြစ်​ဘူး။ သို့ပေမယ့်​လည်း တစ်​နေ့နေ့မှာ ရှန့်​ခယ်​ တိုင်​လာနဲ့ လက်​တွဲသွားမယ်​လို့ သူ တွေးမိတာနဲ့ သူ့ရင်​ထဲမှာ ပြည့်​ကြပ်​ဆို့နင့်​လာရတယ်​။

တကယ်​တော့ တိုင်​လာ့ရင်​ထဲမှာလည်း သူ့လိုပဲ ဆို့နင့်​နေရရှာတယ်​။ သူ ချစ်​ရတဲ့သူက အခြား ယောက်ျားတစ်​ယောက်​နဲ့ လိုက်​သွားတာကို ကြည့်​နေရတာ သူ့စိတ်​ထဲကောင်းနိုင်​ပါ့မလား။

ဒါပေမယ့်​ လောကကြီးကတော့ သူတို့ ခံစားချက်​တွေ အတည်​ပြုဖို့ စောင့်​ဆိုင်းမနေဘူး။ ပြီးတော့ ကုန်းမြေတိုက်​ကြီးပေါ်မှာ ရှိတဲ့ တိုင်းပြည်​တိုင်းက သန့်​စင်​သော နိုင်​ငံတော်​က ကြေညာတဲ့အတိုင်း သဘောတူလက်​ခံကာ မိစ္ဆာသစ်​ပင်​ကြီးကို စည်းပိတ်​မယ့်​အထဲ တက်​ကြွစွာပါဝင်​ကြဖို့ ရောက်​လာကြတယ်​။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now