အပိုင်း ၂၇ ။ အိုဆာရီဘဝ

14.6K 2.2K 102
                                    

[Zawgyi]

Translator- No_Coz

ယုံကြည်​ရာ (၇)
~~~~~~~~~~

ဂန်းမော့ဗ်​က ရှန့်​ခယ်​အတွက်​ ရုံးခန်းလုပ်​ဖို့ အခန်းတစ်​ခန်း ယာယီ ပေးထားလိုက်​တယ်​။ သူ နဂိုကတော့ ရှန့်​ခယ်​အတွက်​ နေရေးထိုင်​ရေးပါ စီစဉ်​ပေးမလို့ပဲ။ ဒါပေမယ့်​ ရှန့်​ခယ်​က ခိုင်​ဆာကို အတူတူနေပါမယ်​လို့ ကတိပေးထားခဲ့တဲ့အတွက်​ ငြင်းခဲ့တာ။ ပြီးတော့ မတော်​တဆ ပြောင်းလဲမှုတွေ အခက်​အခဲတွေ မကြုံရအောင်​၊ ရှောင်​နိုင်​အောင်​လို့ သူကိုယ်​တိုင်​ကလည်း "ဇာတ်​လိုက်​"နဲ့ သိပ်​အဝေးကြီးမှာ မနေလိုဘူး။

ရှန့်​ခယ်​ ဧည့်​ကထိက လုပ်​ဖို့ သဘောတူလိုက်​ရတဲ့ အကြောင်းက မိစ္ဆာသစ်​ပင်​ကို စည်းချဖို့ နည်းလမ်းကို သူ လူသိရှင်​ကြား ပြောပြဖို့ အခွင့်​အလမ်းရအောင်​လို့ပဲ။ အဲ့သလို ပြောပြရာမှာ လူတွေက သူ ပြောတာ ယုံဖို့ဆိုရင်​ သူက ဂုဏ်​သိက္ခာရှိ၊ ရာထူးမြင့်​ပြီး ယုံကြည်​လောက်​စရာ အဆင့်​တစ်​ခုမှာ ရှိနေဖို့ လိုတာပေါ့။

သူ့မှတ်​ဉာဏ်​က သူများတကာတွေထက်​သာတယ်။ ပြီးတော့ မူလ ခန္ဓာပိုင်​ရှင်​ရဲ့ ပညာဉာဏ်​တွေပါ ပေါင်းလိုက်​တဲ့အခါ ပထမနှစ်​ကျောင်းသားလေးတွေကို စာသင်​ကြားပို့ချ ပေးရာမှာ အဆင်​ပြေပါတယ်။

တိုင်​လာရောက်​လာတော့ ရှန့်​ခယ်​က သူ့အတန်းချိန်​အတွက်​ ပြင်​ဆင်​စရာ ရှိတာ ပြင်​ဆင်​နေချိန်​။ ပြူ တင်းပေါက်​ဘောင်​ကို ရှန့်​ခယ်​ မှီလျက်​နေတာ သူ တွေ့လိုက်​ရတယ်​။ သူ့ဆံပင်​ရှည်​တွေက ဘေးမှာ ပြေကျလျက်​ပေါ့။ လက်​ဖက်​ရည်​သောက်​ရင်း ပြဌာန်းစာအုပ်​တစ်​အုပ်​ကို သူ လှန်​လှောဖတ်​နေတယ်​။ မွန်းလွဲနေရောင်​ သူ့အပေါ်ခနေပုံက သူ့ကို အပူအပင်​ကင်းတဲ့ ကြောင်​ပြင်းလေးတစ်​ကောင်​လို ထင်​ရစေတယ်​။ 

ရှန့်​ခယ်​ စာရွက်​တွေကို ခပ်​သွက်​သွက်​လှန်​လှောနေတာ တိုင်​လာ သတိထားမိတယ်။ သူ လျှောက်​လှန်​နေတယ်​လို့တော့ တိုင်​လာ မထင်​ဘူး။ ဒါ့ကြောင့်​ သူ စာဖတ်​တာ မြန်​တယ်​လို့ပဲ မှတ်​ယူလိုက်​တယ်​။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now