အပိုင်း ၉၀ ။ ယွဲ့ကျယ်ဘဝ

4.4K 857 30
                                    

[Zawgyi]

အရင်တုန်းက ယွဲ့ကျယ်မှာ လုရှုဖန်၏ ချစ်သူဟုသာ ယွဲ့ချန်ရိုးရိုးရှင်းရှင်း ယူဆခဲ့သည်။ သူ့ စာချုပ်ထိန်းသိမ်းသူသားအား လုရှုဖန်ဆီ လက်ဆောင်ပေးသည်ဆိုသော ကောလဟာလကို ကြားချိန် လှောင်ခဲ့သည် - မိသားစု အကျိုးအမြတ်အတွက် သူ့ကလေးများကို အသုံးချခဲ့သည်ဟု ဘယ်တော့မှ မယုံကြည်ခဲ့ပေ။ ဒါပေမဲ့ ယွဲ့ကျယ်က တကယ်တော့ လုရှုဖန်၏ အစေခံဖြစ်နေပြီး စာချုပ်ထိန်းသိမ်းသူ ဖြန့်ဝေရေးစင်တာမှ ငှားထားခဲ့ခြင်းဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

တကယ်တော့ ဖြန့်ဝေရင်းစင်တာသည် မည်သို့သောနေရာလဲနှင့် ထိုနေရာရှိ စာချုပ်ထိန်းသိမ်းသူများ မည်သို့ဆက်ဆံခံရလဲ သူမသိလျှင် ငတုံးဖြစ်ရာကျလိမ့်မည်။ ယွဲ့မိသားစုကြီး အိမ်ထောင်ဦးစီး၏သား တစ်ချိန်တစ်ခါက မိသားစုအမွေဆက်ဆံသူသည် အရာဝတ္ထုသဖွယ် ဆက်ဆံခံရပြီး လူသိရှင်ကြား ရောင်းချရန် ပြသထားခံခဲ့ရသည်။

ှန့်ခယ်ကိုသာ လုရှုဖန်မငှားခဲ့လျှင် သူ့သားရင်း မည်သို့သော ဆက်ဆံမှုများကို သည်းခံရမည်လဲ မမှန်းဆနိုင်။ ပြီးတော့ သူ နှိပ်စက် အရှက်ခွဲခံရပြီးလျှင် မိသားစုက သူတို့ဂုဏ်သိက္ခာကိုထိန်းရန် သူ့ကိုစွန့်လွှတ်ပြီး သူ့အားသူကိုးရန် ထားခဲ့ကြရသည်။

ယွဲ့ချန်၏ မျက်နှာမှာ နီရဲသွားပြီး တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။

ရှန့်ခယ် သွေးပျက်သွားသော ယွဲ့ချန်အား အေးတိအေးစက် ‌ငေးကြည့်မိသည်။ ဒီလူ့အမှားသည် ယွဲ့ကျယ်အား လျစ်လျူရှုခဲ့ခြင်းတွင် မရပ်တန့်ခဲ့။ ယွဲ့ကျယ်‌ သေဆုံးမှုမတိုင်ခင်ထိတောင် သူသည် သူဂုဏ်အယူရဆုံး သားကြီး စာချုပ်ထိန်းသိမ်းသူဖြစ်လာရသည့် တစ်ခုတည်းသော အကြောင်းရင်း၊ သူ့ဇနီးနှင့် အခြားသားတစ်ယောက်ကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့ရသည်တို့ကို ဘယ်တော့မှ မသိသွားခဲ့ပေ။

သို့တိုင် ရှန့်ခယ်သည် လောလောဆယ်တွင် ဤအချက်ကို ထုတ်ဖော်ရန် အစီအစဉ်မရှိပေ။ သူ စောင့်ဆိုင်းချင်ပြီး ယွဲ့ကျယ် မည်မျှတရားမှုကို ခံစားခဲ့ရသည်အား ယွဲ့မိသားစုတစ်ခုလုံးကို သိစေချင်သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now