[Zawgyi]
ရှန့်ခယ်က တရားဝင်ယွဲ့မိသားစုစီးပွားရေးကို လွှဲပြောင်းယူခဲ့သည်။ ထပ်တလဲလဲနှောင့်နှေးမှုများအပြီးတွင် လုရှုဖန်၏လက်ထဲ မည်သူမှ စီးပွားရေးနှောင့်နှေးမည်ကိုကြောက်ရွံ့သည့်အတွက် ရာထူးနေရာရရန် ရှန့်ခယ်အား မတိုက်ခိုက်ရကြတော့ပေ။
လုရှုဖန် အစက သူ့ကိုထောက်ပံ့ပြီး ယွဲ့မိသားစုလုပ်ငန်းအား ရှင်းလင်းခွဲထုတ်ရန် ကူညီနိုင်သမျှကူညီရန် ပြင်ဆင်ခဲ့သည်။ သို့သော်ငြား ရှန့်ခယ်၏ စွမ်းရည်နှင့် လုပ်ဆောင်မှုများသည် တစ်ကြိမ်တစ်ဖန် သူ့မျှော်လင့်ချက်များကို ကျော်လွန်ခဲ့ပြန်သည်။ ယွဲ့မိသားစု လွှမ်းမိုးမှုကို တည်ဆောက်ရန်အတွက် သူလုပ်ခဲ့သည့် ပထမဆုံးအရာသည် စာချုပ်ထိန်းသိမ်းသူများ အမြောက်အများကို အလုပ်ခန့်ခဲ့သည်။
ဒါမတိုင်ခင် ရှန့်ခယ်က သတင်းအချက်အလက်များကို ထပ်တလဲလဲစုဆောင်းနေခဲ့ကာ စာချုပ်ထိန်းသိမ်းသူများနှင့် ပတ်သတ်ပြီး လေ့လာခဲ့သည်။ သူတို့ ခံစားချက်များချို့တဲ့သော်ငြား ပြတ်သားသည့် အခြေခံသဘောတရားများရှိကာ သူတို့အလုပ်စာချုပ်အပေါ် ဖြည့်ဆည်းရာတွင် နှစ်မြုပ်ထားခဲ့သည်။ သူတို့က အင်မတန်အလုပ်တွင်ပြီး ကိုယ်ကျိုးစီးပွားအတွက် စိတ်တွန်းအားမပေးခံရပေ။ ဟုတ်တာပေါ့၊ သူတို့လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုအတိုင်းအတာသည် ခြားနားသည်။ စာချုပ် ထိန်းသိမ်းသူများခန့်အပ်ခဲ့သည့် ပထမအသုတ် စာချုပ်ထိန်းသိမ်းသူများသည် အနည်းဆုံး ကြယ်နှစ်ပွင့်ပင်။ သူတို့ အခြေခံဗဟုသုတအချို့ပိုင်ဆိုင်ပြီး ထူးထူးခြားခြားစွမ်းရည်များမပါသည့် တာဝန်မှန်သမျှကို ဖြည့်ဆည်းနိုင်သည်။
ယခုလက်ရှိ ယွဲ့မိသားစု၏ရာထူးသည် မတည်ငြိမ်ဆဲဖြစ်ကာ ရှန့်ခယ်အား ကူညီလိုသည့်လူများက သိပ်မရှိ။ ထိုသို့ဆိုမှတော့ ရှန့်ခယ်က စာချုပ် ထိန်းသိမ်းသူများကိုသာ အလုပ်ခန့်တော့သည်။ ဒီလိုနှင့် သူ မိသားစုစီးပွားရေးကို အနည်းနှင့်အများ စာရင်းရွေးထုတ်စီစဉ်တော့သည်။ ထို့နောက် ဦးစားပေးမှုအလိုက် ကိစ္စရပ်များကို ဖြေရှင်း၏။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...