[Zawgyi]
ရှန့်ခယ် ယွဲ့မိသားစု၏အမြတ်များထဲမှ သူ့ဝေစုအပြင် ကိုယ်ပိုင်စုဆောင်းထားသည်များကိုအသုံးပြုခဲ့ပြီး လုရှိုးဖန်၏အကူအညီနှင့်အတူ စာချုပ်ထိန်းသိမ်းသူဖြန့်ဝေရေးစင်တာအသစ်ကို၂လအတွင်းတရားဝင်တည်ဆောက်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြီးကြပ်မှုစနစ်များအတွဲလိုက် ထုတ်ပြန်ထားသော ဝက်ဘ်ဆိုက်တစ်ခုကိုဖန်တီးခဲ့သည်။
ကြီးကြပ်မှုကိုစာချုပ်ထိန်းသိမ်းသူများမှစီမံကြီးကြပ်မည်ဖြစ်သည်။ ၂လတစ်ကြိမ် ဤစာချုပ်ထိန်းသိမ်းသူများသည် အိမ်မှအလုပ်သွားရန်အပို့ခံရသော အခြားစာချုပ်ထိန်းသိမ်းသူများကို နောက်ယောင်ခံလိုက်ခြင်းဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်၏။ အလုပ်ရှင်ထံမှ မည်သည့်အလုပ်ခွင်နိုင်ထက်စီးနင်းအပြုအမူကို တွေ့ပါစေ သူတို့သည်ချက်ချင်းသက်ဆိုင်ရာ အကြီးအကဲအာဏာပိုင်များကိုချက်ချင်းတင်ပြမည်ဖြစ်သည်။
အင်ပါယာတွင်နှစ်စဉ် စာချုပ်ထိန်းသိမ်းသူထောင်နှင့်ချီ ဖန်တီးခံရသည်။ ရောဂါသည် လူတစ်ယောက် ၁၄နှစ်-၂၅နှစ်ကြားတွင်ယေဘုယျအားဖြင့်ပေါ်တတ်သည်။ ၃၅နှစ်ကျော်လူများတွင် ရောဂါပေါ်လာခဲ့လျှင် အသက်ရှင်ရန် ၁ရာခိုင်နှုန်းသာရှိ၍ စာချုပ်ထိန်းသိမ်းသူများအများစုသည် အင်မတန်ငယ်ရွယ်သည်ဟုဆိုလို၏။ စာချုပ်ထိန်းသိမ်းသူများကို ပို၍ဆွဲဆောင်ရန် ရှန့်ခယ်သည် စိတ်ဗိုင်းရပ်စ်ဖယ်ရှားရေးခွဲစိတ်မှု၏ ကုန်ကျစရိတ်တစ်ဝက်အတွက် ဖြန့်ဝေရေးစင်တာအားသီးသန့်ထောက်ပံ့ခဲ့သည်။ ကျန်တစ်ဝက်၅၀ရာခိုင်နှုန်းကို စာချုပ်ထိန်းသိမ်းသူအလုပ်စတင်လုပ်ပြီးနောက် အရစ်ကျဖြင့်ပေးချေနိုင်၏။
စိတ်ဗိုင်းရပ်ကူးစက်ခံရသောအသိုင်းအဝိုင်းအများစုသည် သာမန်ပြည်သူများဖြစ်၍ ခွဲစိတ်ကုသကြေးသည် သူတို့အတွက်သိသာလှသောဝန်ထုတ်ဝန်ပိုးဖြစ်သည် ။ ရှန့်ခယ်၏ထောက်ပံ့ခြင်းက သူတို့အား ကြီးမားလှသောအခက်အခဲကိုကူညီဖြေရှင်းပေးသည်မှာ မမလွဲမသွေပင်။ ရှန့်ခယ်၏ထောက်ပံ့မှုကြောင့် ဖြန့်ဝေရေးစင်တာသည်အောင်အောင်မြင်မြင်ဖြင့် မြောက်မြားလှစွာသောစာချုပ်ထိန်းသိမ်းသူများကိုလက်ခံရရှိခဲ့သည်။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...