အပိုင်း​၂။ ​ကေ့(ခ်ျ​)ဘဝ

22.9K 2.3K 79
                                    

[Zawgyi]

တောက်​ပတဲ့အခန်းကျယ်​ကြီးထဲမှာ အသက်​သုံးဆယ်​အရွယ်​လူတစ်​​ယောက်​ ပြတင်း​ပေါက်​ကို​ကျော​ပေးလျက်​ တိတ်​ဆိတ်​စွာထိုင်​​နေသည်​။

သူက အရပ်​192 စင်​တီမီတာ (6'2") ဖြစ်​ပြီး ​​ကျောပြင်​ကခပ်​မတ်​မတ်​။
အေးစက်​​နေ​သောမျက်​၀န်းပြာများက လှံလို ထက်​ရှလျက်​ အညို​ရောင်​ဆံနွယ်​တို့က ခါးနားထိ​ဝေ့၀ဲ​နေသည်​။ သူ့ခန္ဓာကို​ယ်​အချိုးအစားကိုအ​​သေးစိတ်​ ပေါ်လွင်​​စေ​သော ၀တ်​စုံကို​ဆင်မြန်း​​​ထားသည်​။
နေ​ရောင်​ခြည်​ကပြတင်း​ပေါက်​ကိုဖြတ်​​ကျော်​လာကာ သူ့ခန္ဓာကိုယ်​ကို​တောက်​ပ​စေ​ပုံမှာ ​ရွှေ​​ရောင်​လွှမ်း​နေသလိုပင်​။

ဂေဘရီရယ်​ အဲသူကို​လေးစားအားကျတဲ့အကြည့်​​တွေနဲ့ ကြည့်​​ပြီး တိုက်​တွန်းလိုက်​တယ်
"ဗိုလ်​ချုပ်​ကြီး​ရာဗယ်​(လ်​) ​ကျေးဇူးပြုပြီး​​ ​ဘေးကင်း​ရာကိုမြန်​နိုင်​သမျှမြန်​မြန်​​ပြောင်း​ရွှေ့ပါ မဟုတ်​ရင်​ အရမ်း​နောက်​ကျသွားပါလိမ့်​မယ်​"

ရာဗယ်(လ်)​​​ မျက်​လုံးပင့်​တင်​လိုက်​ပြီး သူ့ကိုပြန်​ကြည့်​လိုက်​တယ်
"​ကေ့(ခ်ျ​)ဘာလို့ ရုတ်​တရက်​ကြီး နဂါးစွယ်ြ​ဂိုလ်​ကို​ရောက်​လာရတာလဲ"

ဂေဘရီရယ်​ မျက်​၀န်း​တွေကတုံ့ဆိုင်း​နေတဲ့ပုံပဲ
မသဲမကွဲခပ်​တိုးတိုး​​ရေရွက်​​နေပြီး​တော့မှ ပြန်​​ဖြေလိုက်​တယ်
"ကျွန်​​တော်​လည်း သိပ်​မရှင်းဘူး ဒါ​ပေမဲ့ ​ကေ့(ခ်ျ​) က မိုးကြိုးဂြိုလ်​ငယ်​ရဲ့နည်းပညာ​တွေကဘယ်​လို​ခေတ်​​နောက်​ကျပြီး ပတ်​၀န်းကျင်​ကလည်းမ​ကောင်း​ဘူးဆိုပြီး ​ဝေဖန်​​နေခဲ့တာ ဒါ​ကြောင့်​ သူနဂါးစွယ်​ဂြိုလ်​ဆီ တကယ်​ပြန်​ချင်​​နေခဲ့တာ"

"ဒါနဲ့ပဲပြန်​လာ​ခဲ့​တာ​ပေါ့" ရာဗယ်​(လ်​) ​ဂေဘရီရယ့်​ကို စိုက်​ကြည့်​​နေတယ်​ သူ့မျက်​နှာအရိပ်​အကဲကိုတစ်​စွန်းတစ်​စ​တောင်​ မလွတ်​​စေဘဲ​ပေါ့...

ဂေဘရီရယ်​ သူ့အကြည့်​​ကြောင့်​ ​နေရခက်​လာပြီး ​ခေါင်းငုံ့လိုက်​တယ်

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now