[Zawgyi]
ရှန့်ခယ် ခေါင်းအုံကိုမှီထားပြီး သူ့ရှေ့က ရုပ်ကြွမျက်နှာပြင်ကိုစိုက်ကြည့်နေတယ် အစီစဉ်က နိုင်ငံတော်တည်ထောင်တဲ့အခမ်းအနားကို ထုတ်လွှင့်ပြသနေတယ်
ကွင်းပြင်မှာ လူအုပ်ကြီးက အသက်ဝင်ပြီး
ပျားပန်းခတ်မျှ အလုပ်ရှုပ်နေတယ် ရာဗယ်(လ်) က သွားရမဲ့လမ်းကြောင်းအတိုင်း နှေးနှေးလေးမောင်းနေတဲ့ လွန်းပြန်ယာဉ်ပေါ်ထိုင်နေတယ်ရေတပ်ကာကွယ်ရေးအဖွဲ့က ကိုယ်ရံတော်တွေက ဘယ်ဘက်ညာဘက်လိုက်ပါကာကွယ်နေကြတယ် သူတို့တွေကောင်းကင်ကိုသေနတ်ဖောက်လိုက်တော့ ရောင်စုံပန်းတွေထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးခမ်းနားသွားတယ်
တကယ်လို့ လူတစ်ယောက်သာ ရာဗယ်(လ်)လို ပြည့်စုံရင် သူ့ဘ၀ကနေထိုင်ဖို့အရမ်းတန်တယ်လို့ ရှန့်ခယ်ထင်တယ် အင်ပါယာအသစ်ရဲ့ဘုရင်တစ်ပါးဖြစ်ပြီး သူ့အောက်ကလူတွေနဲ့ဆိုရင်
တစ်ကမ္ဘာလုံးမှာ သူကနံပါတ်၁ပဲ"ဗိုလ်ချုပ်ကြီးရာဗယ်(လ်)...အာ..မဟုတ်ဘူး...အရှင်မင်းကြီးလို့ခေါ်သင့်ပြီ
အရှင်မင်းကြီးကအရမ်းမိုက်တယ်နော်!"
သူနာပြု အမကြီးက မျက်ဝန်းထဲမှာကြယ်တွေ တလက်လက်တောက်ပနေပြီး ချီးကျူးနေတယ်ရှန့်ခယ်ကသဘောတူကြောင်းပြဖို့ခေါင်းညိတ်ပြလိုက်တယ် ရာဗယ်(လ်) သုံးပုံနှစ်ပုံလောက် မိုက်တာတော့ မ၀န်ခံချင်ဝန်ခံချင်နဲ့ ၀န်ခံရမယ်
(Jas-ပေပီသာအမိုက်ဆုံးပါ😝)ရာဗယ်(လ်) က စင်မြင့်ပေါ်တက်သွားပြီး မိန့်ခွန်းသပြောဖို့လုပ်တယ် သူ့ပုံစံကအရမ်းတည်ငြိမ်နေပြီး မျက်ဝန်းတွေက ခိုင်မာလွန်းတယ် စစ်သားတစ်ယောက်ရဲ့ စည်းကမ်းတင်းကြပ်ဟန်နဲ့ တော်ဝင်မျိုးနွယ်ရဲ့ ကျက်သရေရှိမှုက ရောယှက်နေပြီး ထူးခြားတဲ့ဆွဲဆောင်မှုကိုပေးလို့ လူတွေရဲ့ရင်ထဲ
လေးစားမှုတွေပေါ်လာတယ်
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...