Translated by kilulayuu121
[Zawgyi]
ရှန့်ခယ်နဲ့ လင်းပိုင်အသေးလေး လှိုင်းလုံးလေးက ရက်အနည်းငယ်ကြာတဲ့အခါတိုင်းမှာ ဆေးစစ်ဆေးမှု ခံယူကြရသည်။ တခ်ျိန်တုန်းက လင်းပိုင်တွေက ကပ်ရောဂါကြောင့် မျိုးတုန်း ပျောက်ကွယ်သွားခဲ့ရတဲ့အတွက် ဒါက ပုံမှန်စစ်ဆေးမှုလို့ ယူဆလို့ ရပေသည်။ သူတိုဆီမှာ ရောဂါပိုးတွေ ရှိနေမလားဆိုတာ ပြောဖို့ ခက်တဲ့ကိစ္စ ဖြစ်၏။
ကံကောင်းစွာနဲ့ အခုလက်ရှိအချိန်ထိ သူနဲ့ လင်းပိုင်းငယ်လေးရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေပေသည်။ Base မှာရှိတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ အရင်လူတွေ ချန်ထားခဲ့တဲ့ လေ့လာမှု မှတ်တမ်းတွေနဲ့ မှတ်ချက်တွေကို ဂရုတစိုက် လေ့လာနေခဲ့ပြီး လင်းပိုင်တွေက စိတ်ခံစားလွယ်တဲ့ သတ္တဝါလေးတွေ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
သူတို့ရဲ့လွတ်လပ်မှုကို ချုပ်ချယ်လွန်းပြီး ကန့်သတ်ချက် အများပြားထားတာက သူတို့ကို စိတ်ဓာတ်ကျစေပြီး ကိုယ့်ဘာသာ သတ်သေမိတဲ့အထိ ဖြစ်စေနိုင်၏။ အဲဒါအပြင် လူတွေက မွေးမြူ စောင့်ရှောက်တဲ့ လင်းပိုင်တွေက သဘာဝ လင်းပိုင်ရိုင်းတွေထက် သက်တမ်းအားဖြင့် ၇ နှစ်ကနေ ၁၀ နှစ်ထိ ပိုတိုတတ်သည်။ သူတို့သေဆုံးနှုန်းက သဘာဝလင်းပိုင်တွေထက် ငါးရာခိုင်နှုန်းလောက်ပိုမြင့်မားပေ၏။
လင်းပိုင်တွေက ခန္ဓာကိုယ် ကြီးထွားပေမဲ့ ဦးနှောက်အရွယ်စားက လူသားတွေရဲ့နောက် ဒုတိယ ဖြစ်၏။ သူတို့က မေးခွန်းတွေ မေးနိုင်ပြီး အဖြေလည်း ပြန်ဖြေနိုင်ကြသည်။
ကိုယ်ပိုင်အသိဉာဏ်ရှိပြီး သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြတတ်ကြ၏။ ဒီလိုမြင့်မားတဲ့ စိတ်ခံစားချက်ကို ဖော်ထုတ်နိုင်ကြသည်။ တခြားနည်းဖြင့်ဆိုလျှင် လူသားအဆင့်ထိ ဖွံ့ဖြိုးလာခဲ့ရင် သူတို့ရဲ့ ဉာဏ်ပညာ၊ စဉ်းစားဉာဏ်နဲ့ အဖွဲ့စည်း အသိဉာဏ်တွေက လူသားတွေထက် လျော့နည်းမှာ မဟုတ်ချေ။
ဝန်ထမ်းတွေက ရှန်ခယ်နဲ့ လှိုင်းလုံးလေး အပေါ် အရမ်းညင်သာကြပြီး သူတို့ကို ဆေးစစ်ဆေးမှုနဲ့ လေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာတောင် တတ်နိုင်သမျှ အညင်သာဆုံးနဲ့တည်တည်ငြိမ်ငြိမ် လုပ်ဆောင်တတ်ကြသည်။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...