အပိုင်း ၁၂၀ ။ ကျန်းယွီမော့ဘဝ (RE)

4.9K 670 14
                                    

[Zawgyi]

Recommended Music - Video Games by Lana Del Rey

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျန့်ချန်ဖုန်းက အိမ်ကို အားမာန်အပြန်နဲ့ပြန်လာတယ်။ ထမင်းစားသောက်ပြီးရင် သူ ယွီမော့နဲ့ ဆက်ဆံရေးကို တရားဝင်တည်ဆောက်ပြီးတဲ့အခါ ဘာမှစိုးရိမ်စရာမရှိတော့ဘူး။

သူ ကျန့်မိသားစုရဲ့ အိမ်တော်က ကျယ်ဝန်းလှတဲ့ ဧည့်ခန်းဆီ ဝင်လာချိန် သူ့မိဘတွေ၊ ယွီမော့မိဘတွေ၊ ကျန်းတုန်းလင်နဲ့ကျန့်ရှင်းတို့က ပတ်လည်ထိုင်နေကြတယ်။

ကျန့်ချန်ဖုန်းက ဘေးမှာရပ်ပြီး ရှန့်ခယ် လူတိုင်းကို သဘောဝကျကျနှုတ်ဆက်နေတဲ့ အမူအရာကို အသေးစိတ်ကြည့်ရှုနေတယ်။ကျန့်ရှင်းကိုကြည့်တဲ့အခါ ထူးထူးခြားခြားပြောင်းလဲမှု မရှိတော့မှ သူ နောက်ဆုံးတော့ နည်းနည်းစိတ်သက်သာရာရသွားတယ်။

ဒါက ကျန့်ချန်ဖုန်း မိသားစုတွေ ရှန့်ခယ်နဲ့ အနီးကပ်တွေ့ရတာပထမဆုံးဖြစ်တယ်။ သူတို့ရဲ့ သူ့အပေါ် ထင်မြင်ချက်က မဆိုးလှပေဘူး။ အနည်းဆုံး အသွင်အပြင်၊ လက္ခဏာနဲ့ စကားပြောဆိုဟန်အကုန်လုံးက ကောင်းမွန်တယ်။

သူတို့​တွေကိစ္စ​တွေကိုလည်း အ​သေအချာ​တွေး​တောပြီးပြီ။ သူတို့သမီးနဲ့ ကျန်းမိသားစုရဲ့ အကြီးဆုံးသားက တွဲ​နေတာဖြစ်​ပြီး သူတို့အကြီးဆုံးသားက သူတို့သားအငယ်​ဆုံးကို သ​ဘောကျသွားခဲ့တယ်​။မိသားစုနှစ်​ခုကြားက လက်​ထပ်​ပွဲက အတည်​ပြုသွားတယ်​။ မျိုးဆက်​​တွေအတွက်​က​တော့ ကျန့်​မိသားစုအတွက်​ကြီးကြီးမားမားပြဿနာမဟုတ်​ဘူး။ ဒီ​နေ့​ခေတ်​ နည်းပညာ​တွေ တိုးတက်​ပုံမျိုးနဲ့ က​လေးရဖို့က ရိုးရှင်းတဲ့အရာမဟုတ်​ဘူးလား။

အ​ရေးကြီးဆုံးအရာက​တော့ သူတို့ ကျန့်​ချန်​ဖုန်းဆုံးဖြတ်​ချက်​ကိုဘယ်​လိုမှပြင်​မရ​တော့ဘူး။ သူက အသိုက်​က​နေ ထွက်​ခွာသွားခဲ့တာကြာလှပြီ။ နှစ်​တစ်​ချို့ကြာတဲ့အခါ သူတို့လမ်းခွဲသွားပြီး သီးသန့်​မိသားစု​တွေတည်​​ထောင်​ဖို့ကိုပဲ ​မျှော်​လင့်​နိုင်​​တော့တယ်​။

ဖြစ်​ချင်​​တော့ သူ သူ့မိဘ​တွေရဲ့ ဆန္ဒကြီးလှတဲ့အ​တွေး​တွေကို တစ်​စစီဖျက်​ဆီးရဦးမှာပဲ။ ကျန့်​ချန်​ဖုန်းက သူ့ဘဝတစ်​ဝက်လုံး ကျန်းယွီ​မော့အတွက်​ခံစားချက်​​တွေကို အတည်​ပြုခဲ့ပြီးပြီ။ လမ်းခွဲဖို့ဆိုတာ ဖြစ်​နိုင်​​ချေတစ်​စက်​မှမရှိဘူး။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now