ရှန့်ခယ်နှင့်ဖုန်းကျွမ် ခိုလှုံတဲ့မိဘမဲ့ဂေဟာလေးဟာ UK၏အနောက်တောင်ကမ်ရိုးတန်းမှာရှိပြီး ကလေးပေါင်း၂၁ယောက်လောက်ရှိတယ်။ ဂေဟာရဲ့ပုံစံကသာမန်ဆိုပေမယ့် ပရိဘောဂအပြည့်အစုံ၊ သူနာပြုတွေနဲ့ စိတ်ရောဂါအထူးကုတွေ၊ ပရဟိတသမားတွေကလာရောက်ကြည့်ရှုလေ့ရှိတာကြောင့် ဂေဟာလေး၏အခြေအနေကအတော်လေးတော့ခေတ်မှီတယ်။
ရှန့်ခယ်နဲ့ဖုန်းကျွမ်ရဲ့အခြေအနေကတော့ ထိလို့မရတဲ့အနေအထားမှာရှိနေတယ်။ ဘာလို့ဆိုသူတို့တရားမဝင်ကလေးကုန်ကူးသမားတွေရဲ့ ပြန်ပေးဆွဲခံရတာကြောင့် သူတို့ဘယ်သူဘယ်ဝါဘယ်သူမှမသိဖြစ်နေဆဲပဲ။ဒါကြောင့်မလို့ တစ်နှစ်အတွင်းတော့ မွေးစားခံရမယ့်စာရင်းထဲအသွင်းမခံရသေးဘူး။ ပြောရမယ့်ဆိုရင် သူတို့ဒီဂေဟာမှာတစ်နှစ်ပဲနေနိုင်တယ်။ တစ်ယောက်ယောက်ကသူတို့ကိုမွေးစားချင်တယ်ဆိုထား တစ်နှစ်တိတိပြည့်မှမွေးစားနိုင်လိမ့်မယ်။
ဂေဟာမှာရှိတဲ့ကလေးအများစုဟာ မသန်မစွမ်းတွေနဲ့ကျန်းမာရေးချူချာသူတွေများပေမယ့် ရှန့်ခယ်နဲ့ဖုန်းကျွမ်ကတော့ ကြက်အုပ်ထဲကငန်းနှစ်ကောင်လို့ ဖျတ်လက်တက်ကြွသန်မာနေတယ်။
ဂေဟာမှူးကသူတို့ကိုကုတင်လေးခုပါတဲ့အခန်းတစ်ခန်းကိုပေးတယ်။ အခန်းထဲမှာတော့ ကုတင်နှစ်ခုပဲအိပ်ယာခင်းထားပြီးကျန်ကုတင်နှစ်ခုကတော့လှစ်လပ်နေတယ်။
"ကလေးတို့ ဒါကမင်းတို့အခန်းပဲ။ ကြိုက်ရဲ့လား?'' ဂေဟာမှူးကအပြုံးလေးနဲ့ကလေးနှစ်ဦးကို မေးလိုက်တယ်။
ဖုန်းကျွမ်ကတော့ရှန့်ခယ်လက်ကိုတင်းတင်းဆုပ်ပြီး မျက်နှာတည်လေးနဲ့ဘာမှမပြောဘူး။ ရှန့်ခယ်ကပဲခေါင်းမော့ပြီး သူမကိုပြုံးပြလိုက်ကာ ''သားတို့သဘောကျပါတယ် ကျေူဇူးပါဂေဟာမှူး''
ရှန့်ခယ်ပြောလိုက်တာက တရုတ်စကားမို့ ဂေဟာမှုးကောင်းကောင်းနားမလည်ပေမယ့် အကြမ်းဖျင်းတော့ခန့်မှန်းမိပြီး သူမထပ်မံပြုံးလိုက်တယ်။ ကလေးတွေကိုနေရာချပေးပြီး စကားနည်းနည်းပြောပြီးနောက်မှတော့ သူမထွက်သွားလိုက်တယ်။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...