[Zawgyi]
ရွိုင်းက ရှန့်ခယ်ရှေ့တွင်လာရပ်ရင်း ခမ်းနားကြီးကျယ်ပြီး ရှိန်ဖို့ကောင်းသော အရှိန်အဝါက သူ့ဆီတည့်တည့် လာထိမှန်လေသည်။ သူက ရှန့်ခယ်ကို ခိုင်မာစွာပိတ်လှောင်ထားသည်။
ရှန့်ခယ် ခြေတစ်လှမ်း နောက်ဘက်ကိုယိုင်ကျသွားပြီး သူ့ကျောက သံကုတင်ကိုမှီသွားပြီး ချမ်းစိမ့်စိမ့်ခံစားလိုက်ရသည်။ သူ တိတ်ဆိတ်မှုကိုဖြိုခွဲရန် စကားပြောတော့မည့်ဆဲဆဲမှာပင် သူ့အမူအရာရုတ်တရက်ပြောင်းလဲသွားပြီး ပြင်းထန်လှသော ရနံ့တစ်မျိုးက သူ့အကာအကွယ်များကိုချိုးဖောက်ကာ ကိုယ်ထဲဝင်ရောက်လာသည်။
ရွိုင်းက ခြေထောက်တစ်ဖက်ကို ရှန့်ခယ်ရဲ့ခြေထောက် ကြားထဲဆန့်လိုက်ပြီး ဖြည်းဖြည်းချင်းရှေ့ကို ကိုင်းလာကာ ရှန့်ခယ်ကိုရင်ခွင်ထဲ ဆောင့်ဆွဲပြီး တစ်ဖက်သူ၏ကိုယ်ကို တင်းကြပ်နီးကပ်စွာ ဆွဲထားလိုက်သည်။နှစ်ယောက်သားမှာ နီးကပ်စွာတစ်သားတည်းဖြစ်နေပြီး သူတို့ ခန္ဓာကိုယ်တစ်လျှောက် ပူနွေးသော သွေးများစီးဆင်းနေကာ သွေးကြောများက ပြင်းထန်စည်းချက်မှန်စွာ ခုန်နေသည်။
ရှန့်ခယ်က ရွိုင်းရှေ့တိုးမလာနိုင်အောင် ခုခံဖို့လက်ကိုမြှောက်ခဲ့သော်ငြား ပြန်အတွန်းမခံချင်ပေ။ ရွိုင်းက ခိုင်မာစွာရပ်နေပြီးသူ့ခါးပေါ်လက်တွေ တင်လာသည်။ပြင်းထန်လှသော ဟော်မုန်းအနံ့က အကန့်အသတ်မဲ့ ရှန့်ခယ်ကိုယ်ထဲ ဖြတ်ပြေးလာသည်။
ရှန့်ခယ်ဟောက်လိုက်ပြီး မျက်ဝန်းများက မီးတောက်များတောက်နေကာ ထိုအမျိုးသားကို မိုက်ကြည့်ကြည့်လိုက်သည်။ ရွိုင်းက သူ့ကို လေ့ကျင့်ရေးစခန်းတွင် ကိုယ်ထိလက်ရောက်ကျူးလွန်ရဲသည်ဟု မယုံကြည်ပေ။
သို့ပေမဲ့ ရှန့်ခယ်မှာ alphaတစ်ယောက်၏ ကြမ်းတမ်းမှု ၊ အကျိုးအကြောင်းမရှိမှု၊ အထူးအခွင့်ရေးကိုလျှော့တွက်မိခဲ့သည်။ဒါက သူတို့ထိပ်ဆုံးပေါ်တွင်ရှိသော တစ်လမ်းသွား လူတန်းစားခွဲခြားသည့်စနစ်ပင်။ ပြီးတော့ အင်ပါယာသမိုင်းတစ်လျှောက် alphaတစ်ယောက်၏ ဖိအားပေးခံရသော alphaသည့် မှတ်တမ်းတစ်ခါမှ မရှိခဲ့ပေ။ ရွိုင်း တကယ်တစ်ခုခုလုပ်သွားရင်တောင် ဘယ်သူကမှသူ့ကို မယုံလောက်ပေ။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...