part-13 ..

25K 1.3K 19
                                    

အကောင်ပေါက်လေးကမနက်ထဲကတက်ကြွနေတာပင်။သူ့ဦးလေးကိုတွေ့ရမယ်ဆိုတော့ အစောကြီးနိုးနေသည်။မလွှတ်ချင်ပေမဲ့ထပ်ပြီးငိုနေမှာစိုးလို့ကိုးလ်ကိုလိုက်ပို့ခိုင်းထား သည်။အိမ်မှာနေတဲ့နှစ်ရက်ကိုလုံးဝမျက်နှာမလန်း။ဦးမျိုးမဟာကို မုန်းနေပေမဲ့သူ့တူက
ကိုယ့်အသက်ဖြစ်နေတာဘယ်လိုတောင်ဆိုး လိုက်တဲ့ကံတရားကြီးလဲ။

ကြယ်က အရမ်းအငိုသန်ပြီးဂျစ်တိုက်တာ မနေ့ညက စစ် ကောင်းကောင်းသိသွားသည်။
တရားဝင်လက်ထပ်ထားတဲ့ယောကျာ်းဖြစ်သူနမ်းတာကိုငိုတာများမျက်ရည်ကချောင်းပေါက်တော့မည်။ရယ်တော့ရယ်ရသား၊သူ့လိုလူကဒီအကောင်ပေါက်လေးရဲ့မျက်ရည်တွေကိုလစ်လျူမရှု့နိုင်ခဲ့ဘူး။

ဦးမျိုးမဟာကိုမုန်းပေမဲ့အခုလိုအခြေနေနဲ့တော့အနိုင်မလိုချင်။ကလဲ့စားဖြင့်မချေရသေးဘူးသူကဆေးရုံပေါ်ဘာမှမသိသလိုလှဲနေသည်။ကံတရားကဘယ်လိုတောင်မျက်နှာ လိုက်သလဲ။

ရန်ကုန်ဆေးရုံကြီးကနေinternation hospitalဖြစ်တဲ့ Kan Thar Yar Hospital ကိုပြောင်းကာကုသပေးခဲ့သည်။စေတနာရှိလို့တော့မဟုတ်မြန်မြန်သက်သာပြီးအပြစ်ကျွေးဆပ်ခိုင်းရမည်။အဲ့လူအမြန်နေကောင်းမှဖြစ်မည်။

ကိုးလ်နဲ့သူလေးကိုဆေးရုံလွှတ်လိုက်ပြီး
အဲလက်စ်နဲ့ companyကိုထွက်လာခဲ့သည်။

"ကိုစစ် ရောက်ပါပြီ။ကျွန်တော်ပါကင်ထိုးပြီးလိုက်လာခဲ့ပါ့မယ်"

"ရုံးခန်းထဲပဲလိုက်ခဲ့ အဲလက်စ် "

"ဟုတ်ကဲ့ ကိုစစ်"

-
-
-

မနက်ထဲကကယ်လေးဆီလာချင်တာစိတ်ကစောနေသည်။ကိုကို အမြင်မကြည်မှာလဲ ကြောက်ရသေးတော့ကိုကို့အရိပ်ကဲကကြည့်ရသေးသည်။မနေ့ညကသူ့ကိုငြင်းမိတော့
ကိုကို့ မျက်နှာခြေနေကနိုးထဲကခပ်တည်တည်။

ကယ်လေးကိုဘာကြောင့်မုန်းနေသလဲဆိုတာ အခုထိဂဂနနမသိရသေးဘူး။ဒါပေမဲ့ကိုကို အထင်လွှဲနေတာနေမှာပါ။ကယ်လေးနိုးလာရင်အားလုံးအဆင်ပြေသွားမှာ။အဲ့အချိန်ထိတော့တောင့်ခံထားရမယ်။ကယ်လေးက
ကြယ့်ကို တစ်ယောက်ထဲမထားခဲ့ဘူးဆိုတာ ယုံတယ်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Wo Geschichten leben. Entdecke jetzt