part_24...

18.6K 1K 29
                                    

"ကိုးလ် ဟင့်အင်း!!

ကိုးလ်သည် မေမိုးစကားကိုမကြားတော့
သည့်လူတစ်ယောက်လိုပင်မေမိုးအနားသို့ပိုတိုးကပ်လာသည်။

မေမိုးရဲ့ခေါင်းလေးကိုလက်တစ်ဖက်နဲ့ထိန်းကိုင်ရင်းနောက်လက်တစ်ဖက်ကခါးသွယ်သွယ်လေးကိုလာရောက်ဖက်လာပြန်သည်။
ထို့နောက်အရောင်ကင်းနေတဲ့မေမိုးရဲ့နှုတ် ခမ်းလေးကိုစတင်သုံးဆောင်သည်။

အိထွေးနူးညံ့တဲ့နှုတ်ခမ်းလွှာလေးတွေကရစ်မူးချင်စရာပေ။ငယ့်ကိုဘယ်လိုမှအဆုံးရှုံးမခံတာသည်မှာသူ့အတွက်သေချာလွန်းသည်ငယ်စိတ်ဆိုးသည့်ခဏတာကသူ့အတွက်ခက်ခဲလွန်းသည်။

ကိုးလ်ရဲ့ရုတ်တစ်ရက်ဆန်မှု့တွေကိုဘယ်လို
တု့န့်ပြန်ရမလဲမသိတော့တဲ့မေမိုးကတော့ကူရာမဲ့သူတစ်ယောက်နယ်။ရီဝေနေတဲ့အကြည့်‌ တွေနဲ့ကြည့်လာတဲ့ကိုးလ်ရဲ့မျက်ဝန်းတွေကို မေမိုးမရှောင်ဖယ်နိုင်ပေ။

ကိုးလ်သည်အမြဲငြင်သာစွာပဲနမ်းလေ့ရှိသည်။အနမ်းနဲ့ပဲအမြဲကျေနပ်သူကအခုလိုရုတ်တရက်ကြီးလူကိုပိုင်ဆိုင်ချင်တာကိုခွင့်ပြုချက်ကတောင်းနေတော့

"ဟို မေမိုး "

"ကျွန်တော် ငယ့်ကိုချစ်တယ်။ငယ်,ကျွန်တော့်ကို မယုံလို့လား"

"မဟုတ်ပါဘူး ဒါပေမဲ့"

"ငယ် မကြိုက်ရင်ကျွန်တော်ရှေ့မဆက်ဘူး။
ငယ့် သဘောပါ။ငယ် သဘောမတူရင်ရုန်းပါ"

ထိုသို့သာပြောပြီးမေမိုးခြုံထားတဲ့စောင်ကို
ဖယ်လိုက်သည့်ကိုးလ်။ခါးလေးကနေပြန်ဖက်ထားရင်းအနမ်းတွေကိုအသစ်ကနေပြန်စတင်သည်။သည်တစ်ခါတော့နှုတ်ခမ်းတစ်ခုလုံးကိုချယ်လှယ်ချင်တိုင်းချယ်လှယ်လေသည်။

နှုတ်ခမ်းတွေကိုစိတ်ကြိုက်ချယ်လှယ်နေသူကအားမရပုံနှင့်သူ့‌ပေါင်ပေါ်ကိုမေမိုးရဲ့သွယ် လှတဲ့ခန္တာကိုယ်လေးကိုတက်လာ‌စေ၏။

ကြိုးတစ်ချောင်းဂါဝန်အနက်ရောင်လေးနဲ့
မေမိုးရဲ့အလှဟာပြာလဲ့လဲ့အခန်းမီးရောင်အောက်မှာကိုးလ်ရဲ့ပိုင်ဆိုင်ချင်စိတ်တွေကိုနှိုးစွပေးနေသလိုပင်။ဖြူဖြူဝင်ဝင်းအသား စိုင်လေးတွေက ကိုးလ်ဘယ်လိုများမျက်လုံးလွှဲနိုင်တော့မည်နည်း။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Wo Geschichten leben. Entdecke jetzt