part-11

22.3K 1.3K 22
                                    

"သန့်ဇင် ဦး‌နေထွန်းကိုကားနားထိလိုက်ပို့လိုက်။ပြီးရင်ဒီကိုပြန်မလာနဲ့တော့လုပ်စရာရှိတာလုပ်။ဒေါ်ပြည့်ကိုထမင်းပွဲပြင်ထားလို့ပြောလိုက်ဦး....."

"ဟုတ်ကဲ့ ကိုစစ်......"

"ကဲ!ဘယ်လိုလဲအဲလက်စ်နဲ့ကိုးလ်။မြန်မာနိုင် ငံရောက်လာတဲ့ခံစားချက်က"

"အခုမှအလည်လာရတဲ့စိမ်းသက်သက်ခံစားချက်ပါပဲ boss"

"အဲ့ဒီလိုလား။မင်းတို့ပျော်မှာပါကွာ။နောက်မှအေးဆေးလည်ပေါ့။အခုတော့မင်းတို့တာဝန်ကိုပြောမယ်။ကြယ်ရောင်ခနဲ့မေမိုးကိုမင်းတို့နှစ်ယောက်မှဲ့တစ်ပေါက်မစွန်းအောင်စောင့်ရှောက်ရမှာအဓိကတာဝန်ပဲ။ကိုယ့်ထက်သူတို့ကိုမင်းတို့နှစ်ယောက်ဂရုစိုက်ရမယ်။ဘယ် လိုလဲလုပ်နိုင်လား ..."

အဲလက်စ်နဲ့ကိုးလ်ပြိုင်တူပဲ စစ်ကိုခေါင်းငြိမ့်ပြလေသည်။

"အဲလက်စ်က ကိုယ်နဲ့အမြဲလိုက်ရမယ်။
ကိုးလ်ကသူတို့နှစ်​ယောက်ကိုအဓိကစောင့်ရှောက်ရမယ်"

"Boss သဘောအတိုင်းပါပဲ"

"Ok ဒါဆိုအဲလက်စ်ကဒီအိမ်မှာပဲနေ။ကိုးလ်က မေမိုးနဲ့သွားနေ"

ထိုအခါမှငြိမ်နေသောမေမိုးကစကားသံထွက်လာတော့သည်။

"ဟမ်! သူကငါနဲ့ဘာလို့လိုက်နေမှာလဲ။​နင်ငါ့ကိုယောကျာ်းလေးတစ်ယောက်နဲ့တစ်နေရာထဲအတူနေခိုင်းနေတာလား စစ်!"

"ကိုးလ်က Tom boy "

"ဟမ်! Tom boy ဟုတ်လား။ဟုတ်မှပြောပါ စစ်ရယ် သူ့ကြည့်ရတာယောကျာ်းလေးလိုပဲ လျှောက်ပြောမနေနဲ့။နင်နော်!ငါကတစ်ယောက်ထဲနေရတာကြိုက်တာသိသားနဲ့"

"ဟင်း! နင်အဲ့မှာကိုးလ်နဲ့အတူမနေချင်ရင်ဒီအိမ်မှာလာနေကိုးလ်လည်းအလုပ်မရှုပ်တော့ဘူးပေါ့။မနေချင်ရင်ကိုးလ်ကိုခေါ်သွား။ဟိုဟာလည်းမဟုတ်ဘူး၊ဒီဟာလည်းမရဘူးတော့လာမလုပ်နဲ့ မေမိုးငယ်"

"အာ! မနေပါဘူး။အလုပ်မှာလည်းနင့်မျက်နှာကမြင်နေရတာအိမ်မှာတော့မကြည့်ပါရစေနဲ့ တောင်းပန်ပါတယ်ခေါ်ဆိုတော့လည်းခေါ်သွားပါ့မယ်။ငါ့ကိုတော့မခြိမ်းခြောက်ပါနဲ့။ သူ့ခေါ်သွားရင်ရပြီမလား"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora