part-18

19.5K 1.4K 35
                                    

စစ် နိုးတော့ရင်ခွင်ထဲမှာကြယ်ကရှိမနေ။မျက်လုံးဖွင့်ကြည့်တော့စောင်တစ်ထည်လုံးကိုပတ်ထားပြီးသူနဲ့မျက်နှာချင်းဆိုင်အနေထားနဲ့ပဲကြယ်ကသူ့ရဲ့ခပ်ခွာခွာမှာအိပ်နေတုန်း။ညတုန်းကငိုတာမှတော်တော်နဲ့မအိပ်။စစ်လည်းသဝန်တိုလွန်သွားတဲ့ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ပေ။ကြယ့်ကိုသူအတင်းကြပ်လက်ထပ်ထားခဲ့တာမှန်ပေမဲ့ကြယ့်ကိုချစ် သည်။ဒါကြောင့်လဲယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ကြယ့်ကိုရအောင်လက်ထပ်ခဲ့တာပင်။ရန်သူရဲ့တူဖြစ်နေမှန်းသိပေမဲ့ကြယ့်ကိုချစ်သည်မို့ မေမိုးတားနေတဲ့ကြားကရအောင်လက်ထပ်ခဲ့သည်။

မထင်ထားတဲ့အရာတွေကသူနဲ့ကြယ့်ကြားကိုခဏခဏ ဝင်လာခဲ့သည်။ကြယ်ခြုံထားတဲ့စောင်ထဲ စစ် ဝင်လိုက်ပြီးကြယ်ကိုဖက်ထားလိုက်သည်။

ရင်ခွင်ထဲရောက်လာတဲ့အကောင်ပေါက်လေးကတော့လူငွေ့နဲ့မို့ပိုနွေးသွားတယ်ထင်သည်ခေါင်းလေးပိုလို့တိုးဝင်လာသည်။

"တောင်းပန်ပါတယ် ကိုကို။ညကကိုကို့
ကိုစိတ်ဆိုးအောင်ပြောမိတယ်"

အကောင်ပေါက်လေးကနိုးနေသည်။စစ် ဖက်ထားတာကိုနည်းနည်းလျော့ပေးလိုက်တော့ ရင်ခွင်ထဲကနေ ကြယ်ကစစ်ကိုမော့ကြည့်လာသည်။

"ကိုကို့ကိုခွင့်လွှတ်ပါ။ကြယ့်ကိုသဝန်တိုမိသွားတယ်....ပြပါဦးမျက်လုံးလေးတွေမို့နေသေးလားကိုကို ကြည့်ပါဦးမယ်"

စစ် ကြည့်လို့ရအောင် ကြယ်က ပိုလို့မျက်နှာလေးကိုမော့ပေးလေသည်။စစ်ကမျက်လုံးလေးကိုအနမ်းပေးပြီးအသားယူပြန်၏။

"အရမ်းချစ်တယ် ကြယ်...။ကိုကို့ကိုတစ်ချိန်မှာကြယ်မုန်းသွားမလားတွေးပြီးစိုးရိမ်မိတယ်။ကြယ်ကအခုတောင်ကိုကို့ကိုမချစ်တာ.."

" ကိုကိုကလဲမနက်အစောကြီးဘာတွေတွေးနေတာလဲ..ကြယ်နဲ့ခွန်းကလေငယ်သူငယ် ချင်းတွေမို့အရမ်းခင်ကြတာပါ။ကိုကို့ကို သစ္စာမဖောက်ပါဘူး။ကြယ့်ကိုယုံလို့ရပါတယ်။ကယ်လေးကိုတောင်အခုထိကိုကိုက
စောင့်ရှောက်ပေးထားတာ ကြယ်ကဘယ်လိုမုန်းရက်မှာလဲ.."

ဘယ်လိုမုန်းရက်မှာလဲ ကိုကိုရယ်။ကြယ့်
ကို ကိုကိုချစ်တာမပြောပြလည်းကြယ်သိပါတယ်။ဒါပေမဲ့ကြယ် ကိုကို့ကိုမချစ်ရဲသေးဘူး။ကယ်လေးနဲ့ကိစ္စတွေကရှိသေးတော့ကြယ် မချစ်ရဲသေးဘူး။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Wo Geschichten leben. Entdecke jetzt