part 5

22.2K 1.6K 6
                                    

ကံအကြောင်းတရားကဒီလိုတွေဖန်လာမှတော့ကံဇာတ်ဆရာအလိုကျပဲပေါ့။ခင်များဆီကခင်များရဲ့အသဲနှလုံးကိုဆွဲထုတ်ကြည့်ရအောင် ဦးမျိုးမဟာ။ခင်များဘယ်လောက်တောင်အထိနာမလဲဆိုတာကျုပ်ကြည့်မည်။အရသာခံပြီးတော့ကိုခင်များရဲ့ကျဆုံးခန်းကိုကျုပ်ကြည့်မယ်။

*ကျုပ်ရဲ့အသဲနှလုံးတွေကိုဖျက်ဆီးပစ်တဲ့ခင်များ။ခင်များရဲ့အသဲနှလုံးကိုကျုပ်ရဲ့အရုပ်အဖြစ်ဖန်တီးပြီးကြိုးဆွဲပြမယ်။ကျုပ်မျှော် လင့်ထားတာထက်ပိုပြီးအသုံးတော်ခံပေးလို့ခင်များကိုသိပ်ကျေးဇူးတင်တယ်*

မနေ့ကဦးမျိုးမဟာရဲ့ဖုန်းကျန်ခဲ့တာမို့
သူ့ရဲ့ဝန်ထမ်းကိုသွားမပေးခိုင်းပဲကိုယ်တိုင်
Star ကိုလာခဲ့သည်။အစကဦးမျိုးမဟာအတွက်သူ့မှာလုပ်စရာကတစ်ခုတည်း။ဦးမျိုးမဟာဘဝပျက်ရင်ပြီးနေတဲ့ပွဲကအခုတော့နည်းနည်းပိုရှည်တော့မည်။

"မောင်ရသော်စစ် ရောက်နေတာကြာပြီလား
ကားလမ်းတွေကအတော်ပိတ်နေလို့ရုံးအလာ ပုံမှန်ထက်နည်းနည်းနောက်ကျသွားတယ်ကွယ်။

comany ရောက်တယ်ဆိုရင်ပဲY&Y CEO စောင့်နေတယ်လို့အတွင်းရေးမှူမလေးဆီက
ကြားလိုက်ရတော့ဦးမျိုးမဟာအမောဆို့သွားရသည်။မနေ့ကမှတွေ့ထားပေမဲ့ရသော်စစ် ကိုယ်တိုင်ကြီးရောက်လာဆိုတော့သူတွေးပူမိတာတော့အမှန်ပါလေ။

"ရပါတယ်...ကျွန်တော်လဲရောက်တာမကြာသေးပါဘူး။မနေ့ကဦးမျိုးမဟာရဲ့ဖုန်းကျန်ခဲ့တော့လာပေးရင်းcondo ကိစ္စလဲပြောချင်တာရှိလို့ကျွန်တော်ပဲလာလိုက်တာပါ"

ရသော်စစ် ဆီကcondoလို့ကြားလိုက်ရတာနဲ့
ဦးမျိုးမဟာဇောချွေးတွေပြန်လာသည်။ဇော်ဇော်ဆိုတဲ့ခွေးကောင်ကလဲလုံးဝကိုအဆက် အသွယ်မရ။ဒါတွေကတစ်ဖက်ကိုပြောပြလဲဆင်ခြေသာဖြစ်နေမည်။ဒီတော့အဆင်ပြေအောင်သာလုပ်ပေးဖို့သူတွေးလိုက်သည်။ဒီပြသာကသူနဲ့ပဲတိုက်ရိုက်ပတ်သတ်နေတာမလား။အခုချိန်ဇော်ဇော့်ကိုရှာတွေ့ရင်တောင်သူ့အတွက်အချိန်မမှီတော့ဘူးဆိုတာဦးမျိုးမဟာသိ‌သည်။

"ဦး လဲဒီကိစ္စပြောချင်နေတာ။မောင်ရသော်စစ်တို့ဘက်ကplanအတိုင်းတော့မဖြစ်ဘူးကွယ်။ဒီ planက,ဦးကြည့်ခဲ့ရတဲ့drawingနဲ့ ခြားနေတယ်။ဆက်တိုက်လည်းဒီ drawingနဲ့ပဲအဆောက်အဦးကိုဆောက်လာခဲ့တာ။ဒါကိုအမှားကြီးဆိုတာလဲ ဦး တကယ်မသိခဲ့ဘူး။ဒါတွေကအခုပြောနေလည်းဆင်ခြေသက်သက်ဆိုတာသိပါတယ်။ဦးဝန်ထမ်းကိုယုံမိလိုက်တဲ့အမှားကြီးပါ။မောင်ရသော်စစ် တို့ဘက်ကလဲ ကိုယ်စားလှယ်သာလွှတ်တော့ ဦး တို့လဲဒါနဲ့ပတ်သတ်ပြီးမဆွေးနွေးမိဘူး။မောင်ရသော်စစ်တို့ဘက်က,ဦးတို့ဘက်ကိုအလုံးစုံယုံ ကြည်စိတ်ချထားလို့လာရောက်မစစ်ဆေးတာသိပါတယ်။အခုလိုဖြစ်သွားရတဲ့ပေါ်မှာလည်းတကယ်ပဲအားနာရပါတယ်။အခုမှ drawing ကဒီလိုဖြစ်နေတာသိရတယ်။Star ဘက်က ဒီcondoကိုတာဝန်ယူဆောက်တဲ့သူကလည်းအခုပျောက်ချင်းမလှပျောက်နေတယ်။မောင်ရသော်စစ်တို့ဘက်ကလက်မခံနိုင်ရင်Star ဘက်ကအဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါ။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now