6 zawgyi

822 55 0
                                    

" ရတီသော်!!

ထိုအမည်နာမကိုကြားလိုက်ရလို့အံသြသွားတာအမှန်ပါ။ရတီသော်ဆိုတာသူ့ဆီမှာလွန်ခဲ့တဲ့၈နှစ်လောက်ကအတွင်းရေးမှူးလုပ်ခဲ့တဲ့ မိန်းခ‌လေးနောက်ပြီးသူနဲ့လက်ထပ်ဖို့ထိဖြစ်ခဲ့
တဲ့သူ။သူဘယ်လိုလုပ်မေ့မှာလဲ။လက်ထပ်ဖို့သိပ်မလိုတော့တဲ့အချိန်ကြာလလေးမှာထိုမိန်းခလေးပျောက်ချင်းမလှပျောက်သွားခဲ့တာလေ။သူ လိုက်ရှာပေမဲ့ဘာအစနမှမကျန်အောင်​ခြေရာဖျောက်သွားသောသူမပါ။
ဘာကြောင့်အဲ့ဒီလိုလုပ်သွားသလဲဆိုတာ
သူကိုယ်တိုင်မသိခဲ့ဘူး။အခုလဲရသော်စစ်က သူမရဲ့မောင်တဲ့။သူ့အမကိုကျောရယုံကြံတယ်ပြောပြီးစွပ်စွဲနေတဲ့ရှေ့ကလူရဲ့အပြောတွေကိုဦးမျိုးမဟာနားမလည်ဖြစ်နေမိတာအမှန်။

ရတီ့ မှာမောင်တစ်ယောက်ရှိတာသိပေမဲ့သူတစ်ခါမှမမြင်ဖူးပါ။နိုင်ငံခြားမှာကျောင်းတက်နေလို့လက်ထပ်မဲ့အချိန်မှမိတ်ဆက်ပေးမယ်သာသူမပြောသည်။အခြေနေတစ်ခုကြောင့်လက်ထပ်ဖြစ်ရသည်မို့သူတို့တစ်
ယောက်အကြောင်းတစ်ယောက်သိပ်မသိပေ။ရတီ့ရဲ့မိသားစုကိစ္စကိုထဲထဲဝင်ဝင်ပြောဖြစ်လောက်အောင်လည်းမရင်းနှီးခဲ့ကြ။

ဦးမျိုးမဟာဘက်ကလည်းစိတ်မဝင်စားခဲ့သလိုရတီ့ဘက်ကလည်းတိုက်ဆိုင်မှသာပြောတတ်တာမျိုးပင်။ဒါကြောင့်ရတီသော်ရဲ့မောင်ဟာဖြူသလား၊မဲသလား၊ဘယ်လိုအနေအထားမျိုးရှိသလဲဦးမျိုးမဟာတကယ်မသိခဲ့ပါ။

"ဘာလဲ ခင်များခြေတော်တင်ခဲ့တဲ့သူများလို့
မမှတ်မိတော့ဘူးလား"

ရသော်စစ် ရွံရှာတဲ့မျက်လုံးတွေနဲ့မျိုးမဟာကို
ကြည့်ကာခနဲ့တဲ့တဲ့ပြောသည်။အပြစ်ကင်းတဲ့မျက်နှာပေးက,စားနေကြကြောင်ပါးကြီးလိုပင်။သူတော်ကောင်းယောင်ဆောင်နေလိုက်တာများသိပ်ရယ်ချင်စရာကောင်းလွန်းမနေဘူးလား။

"ခင်များ မမှတ်မိလဲပြန်ပြောပြရတာပေါ့။
လွန်ခဲ့တဲ့၈နှစ်က ခင်များဆီမှာအတွင်းရေးမှူး
လုပ်ခဲ့ဖူးတဲ့ ရတီသော်။နယ်ကတက်လာပြီးရိုးသားကြိုးစားတဲ့ဝန်ထမ်းမလေးရတီသော်။
တစ်နည်းအားဖြင့် ခင်များခြေတော်တင်ပြီးလက်ထပ်ပါမယ်လို့လဲ လူသိရှင်ကြားကြော် ငြာပြီးမှ မယူတဲ့မိန်းခလေး။ဘယ်လိုလဲ မှတ်မိပြီလား ဦးမျိုးမဟာ"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Onde histórias criam vida. Descubra agora