Extra 1

12.9K 676 45
                                    

မနက်ခင်းရဲ့အလင်းဖြဖြလေး၊ငှက်ကလေးတွေရဲ့ပိကျိပိကျိအသံတွေက စစ်,ရဲ့နားထဲကိုတိုးဝင်လာတာမို့ စစ်,မျက်လုံးတွေကိုဖွင့်လိုက်သည်။ကောင်လေးတစ်ယောက်က အိမ်မက်ထဲပျော်ဝင်နေသေးတယ်ထင်သည်။အိပ်နေရင်းပြုံးရိပ်သန်းနေတဲ့ကြယ့်ရဲ့မျက် နှာလေးကသူ့ကိုရင်အေးစေသည်။

ကြယ့်ရဲ့မထူမပါးမျက်ခုံးလေးတွေကဇင်ယော်မျက်ခုံးမဟုတ်ပေမဲ့သူ့အတွက်တော့မြတ်နိုးစရာပင်။မျက်ခုံးလေးကိုလက်ညိုးနှင့်ညင်သာစွာဆွဲကြည့်ရင်းသဘောကျ‌မိ၏။။ကြယ့်ရဲ့ကိုယ်မှာသူအမြတ်နိုးဆုံးကရဲရဲစိုစိုနှုတ်ခမ်းလေးကိုဖြစ်သည်။

ကိုကိုလို့တွေ့တွေ့ချင်းခေါ်ခဲ့တဲ့ထိုနှုတ်ခမ်းပိုင်ရှင်လေးကိုသူ့ရင်ထဲမှာထိုနေ့ထဲကအမှတ် ရနေခဲ့သည်။သူ့နဲ့တွေ့ပြီးဖြစ်ပျက်ကြုံတွေ့ခဲ့ရသည်တွေကကြယ့်အတွက်ပျော်ရွှင်မှု့တွေချင်းမဟုတ်ပေမဲ့သူ့ဘက်ကကြယ့်ကိုအတတ် နိုင်ဆုံးချစ်ပေးခဲ့သည်။

ကြယ့်ရဲ့လိုအပ်မှု့တွေကိုဖြည့်ဆည်းပေးခဲ့သည်။အချစ်တွေမှန်ခဲ့တယ်ထင်ပါရဲ့ကြယ်ရဲ့အဝေးဆုံးကိုသူထွက်မသွားရတော့ဘူး။ဦးမျိုးမဟာအပေါ်မှားခဲ့တဲ့အမှားကိုသာဖယ် ထားလိုက်ရင်သူဟာကြယ့်အတွက်အားကိုးပြီးချစ်ထိုက်တဲ့ယောကျာ်းကောင်းပဲမလား။

သူ့အတွေးကိုကိုယ်တိုင်ပြန်ပြီးသဘောကျနေတဲ့ရ‌သော်စစ်။အိပ်နေတဲ့ကြယ်လေးကိုအေးဆေးအိပ်ခွင့်မပေးချင်တော့ပေ။နာရီကိုကြည့်တော့မနက်စာစားရမည့်အချိန်။မိမိအိမ်မှာမဟုတ်တဲ့အပြင်မနေ့ကမှအားလုံးပြန်ပြေ လည်ခဲ့တာမို့ဦးမျိုးမဟာငြိုငြင်တာတော့မခံချင်တာလည်းဖြစ်၏။

ဦးမျိုးမဟာကကြယ့်ကြောင့်သာသူ့ကိုအမြင် ကြည်ပေးလိုက်တာစစ်,အသိဆုံးဖြစ်သည်။အခုလိုကြေအေးပေးတာပဲဦးမျိုးမဟာကိုအရမ်းကျေးဇူးတင်နေ‌တာဖြစ်သည်။မဟုတ်ရင်သူ့မလျော့ပေးကိုယ်မလျော့နဲ့ကြားထဲစိတ်ညစ်ရမည့်သူက ကြယ်ဖြစ်သည်။

ကြယ်ကသူ့ကိုချစ်နေတာသိပေမဲ့တကယ်တမ်းသာဦးမျိုးမဟာဘက်မှခွင့်မလွှတ်ခဲ့ရင်သူ့အနေနဲ့ကြယ့်ကိုပိုင်ဆိုင်သူဖြစ်ပေမဲ့ကြယ့် သူ့ကိုမရွေးပဲသူ့ဦးလေးလက်ကိုသာဆွဲမှာစစ်သိသည်။ထိုသို့သာဆိုရင်သူကလည်းမရမက ကြယ့်ကိုပြန်ခေါ်မည်ကလည်းအမှန်တရားပင်။ထိုအခြေနေတွေမဖန်တီးပဲကြေအေးပေးလိုက်တဲ့ဦးမျိုးမဟာကိုစိတ်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေခဲ့သည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Wo Geschichten leben. Entdecke jetzt