25 zawgyi

805 28 0
                                    

"ကိုစစ် ကျွန်တော်ပြောစရာရှိလို့"

ရုံးခန်းထဲကိုအလောတကြီးဝင်လာသည့်
ကိုးလ်။ကြယ့်ဘက်ကိုကြည့်လျက်အရိပ်ကဲပြသည်မို့ကြယ်ရှိရင်ပြောလို့မဖြစ်တဲ့စကားဆိုတာကို,စစ် သဘောပေါက်လိုက်သည်။

"ကြယ် ကိုယ့်အတွက်သံပုရာရည်တစ်ခွက်လောက်ဖျော်ပေးပါလား"

"ဟုတ် ကိုကို "

ကြယ်သည်လည်း အလိုက်တသိထွက်သွားပေမဲ့မျက်နှာမကောင်းပေ။ကြယ့်မျက်နှာမကောင်းတာသိပေမဲ့အခု ကိုးလ်အရေးတကြီးဖြစ်နေတာကဦးမျိုးမဟာနဲ့ပတ်သတ်သည့်ကိစ္စပင်။

ကြယ်ထွက်သွားတော့မှ ကိုးလ်သည်လည်း
အခန်းတံခါးကိုသေချာပိတ်ပြီးရသော်စစ်နဲ့မျက်နှာချင်းဆိုင်ထိုင်လေ၏။

"ကိုစစ် ဦးဟိန်းနောင်ဒီတစ်ပတ်ထဲမြန်မာနိုင် ငံကိုရောက်မယ်လို့ email ပို့တယ်။နောက်ပြီးတော့ ဦးမျိုးမဟာရဲ့အခြေနေတွေသူအကုန်သိနေတယ်"

"နောက်ဆုံးတော့ရောက်လာပြီပေါ့။တွေ့ဖို့စီ
စဉ်လိုက်ပါ။ကိုယ်သေချာပေါက်ဦးဟိန်းနောင်နဲ့တွေ့မှဖြစ်မယ်"

"လာမဲ့နေ့ကျွန်တော့်ကိုအကြောင်းကြားမယ်ပြောပါတယ်။ကျွန်တော်ကိုယ်တိုင်သွားကြိုလိုက်ပါမယ် ကိုစစ်။ခန့်မှန်းချေနောက်၃ရက်လောက်ပါပဲ။အဲ့ထက်တော့မကြာပါဘူး။သူ့သူငယ်ချင်းအကြောင်းကိုသိပြီးအရမ်းစိတ်ပူနေတာမို့အမြန်ဆုံးလာမယ်ထင်တယ်။ဘယ်ကနေဘယ်လိုဦးမျိုးမဟာကိစ္စကိုသိလာလဲမသိပေမဲ့သူ့သူငယ်ချင်းကြောင့်အခုရရှားကနေမြန်မာနိုင်ငံကိုပဲတန်းလာမယ်ပြောတယ်။ လေဆိပ်ကနေကြိုခဲ့ပြီးတာနဲ့ကျွန်တော်ကိုစစ်
ဆီကိုပဲခေါ်လာပါ့မယ်"

"အင်း တာဝန်ကျေတယ် ကိုးလ်"

"ကျွန်တော့်ကိုခွင့်ပြုပါဦး "

ဦးဟိန်းနောင်သည်ကိုးလ်စုံစမ်းရသလောက်ဆိုရင် ဦးမျိုးမဟာရဲ့ငယ်သူငယ်ချင်းအရင်းကြီးဖြစ်သည်။အတွဲညီညီတွဲခဲ့ကြသည့်သူတွေဆိုပိုမှန်ပေမည်။ဦးမျိုးမဟာကဆေးကျောင်းသားတစ်ယောက်ဆိုတာ ကိုးလ် စုံစမ်းပေးတဲ့အချက်လက်တွေကြောင့် စစ်
သိခဲ့ရသည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now