part-19

18.9K 1.1K 22
                                    

Singapore

မေမိုးနှင့်ကိုးလ်သည် စျေးကွက်ဆင်းဖို့ singapore ကိုရောက်နေကြတာဖြစ်သည်။
Y&Yသည်နိုင်ငံတစ်ကာနှင့်ချိတ်ဆက်ပြီးလုပ်ကိုင်သည့် international company ဆိုလည်းမမှားပေ။အခုလုပ်မဲ့ Projectအ တွက်shareရှင်ကိုလာတွေ့ရင်းsingapore စျေးကွက်ပါလေ့လာချင်းဖြစ်သည်။

အလုပ်ကိစ္စကမနေ့ကတည်းကပြီးသွားသည်မို့ ယခုမေမိုးShoppingထွက်သည်ကိုကိုးလ်ကလိုက်ပြီးအထုတ်ဆွဲပေးသည်။မိန်ခလေးသဘာဝ မေမိုးကတော့ စစ် ပေးလိုက်တဲ့ Black cardကိုကိုင်ကာ brandဆိုင်တွေကိုတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့်မမောနိုင်သည့်အတိုင်းကိုစျေးဝယ်​နေသည်။။

ခပ်ခပ်လှမ်းလှမ်းကသာနေပေမဲ့ကိုးလ်ရဲ့မျက်လုံးတွေက မေမိုးငယ်ဆီကမရွေ့။

ဆိုင်ဝန်ထမ်းကောင်မလေးကဘာပြောလို့လဲမသိငယ့်မျက်နှာဆူပုတ်ပုတ်လေးဖြစ်သွားသည်။ ငယ်ဘာဖြစ်နေမှန်းသိရအောင်ထိုအနားကိုသွားတော့မျက်နှာငယ်လေးနှင့် ကတ်ကငွေကန့်သတ်ထားကြောင်းပြော သည်။ကိုးလ် မျက်လုံးထဲ စစ် ကိုပြေးမြင်မိတော့သည်။

ငယ့်အကြောင်းသိလို့ ကိုစစ် ငွေကိုကန့်သတ်ထားမှန်းသိလိုက်သည်။သူဌေးမလေးကတကယ်ကိုဝယ်နိုင်လွန်း၏။

ငယ်က shoppingထွက်တာကြိုက်မှတော့ကျွန်တော့်ကပိုက်ဆံများများရှာရတော့မှာပေါ့။နောက်ဆုံးကိုးလ်ကပဲထိုအင်္ကျီဖိုးကိုရှင်းပေးလိုက်တော့သည်။ထိုဆိုင်ထဲကထွက်တာနဲ့ပြန်မယ်ပြောသောကြောင့် Hotelကိုပြန် လာခဲ့ကြသည်။

Hotel ခန်းထဲရောက်တာနဲ့ဆွဲထားသည့်အ ထုတ်တွေကိုပစ်ချကာကိုစစ်ကိုစိတ်ဆိုးတော့သည်။

"ငယ်ရယ် ဘာလိုချင်လို့လဲကျွန်တော်ဝယ်ပေးမယ်လေ.. မျက်နှာတော့မလန်းမဆန်းမနေပါနဲ့။ငယ် ဝယ်ထားတွေကနည်းမှမနည်းတာ"

စစ် ဘက်ကိုလိုက်ကာပြောပေးနေတဲ့ ကိုးလ်ကိုမေမိုး မျက်စောင်းထိုးကာကြည့်တော့ သည်။

သူမ ဘယ်လိုပင်မျက်စောင်းထိုးနေပါစေ
ကိုးလ်က အပြုံးမပျက်ပေ။အမြဲဆံပင်ကို
ဖြန့်ကာထားတတ်သည့် ငယ်ကအခုတော့ ဆံပင်ကိုမြင့်မြင့်လေးစည်းထားသည်က ချစ်စရာအလွန်ကောင်းသည်။မဲနက်နေပြီး ဘာ​အရောင်မှမဆိုးထားတဲ့အနက်ရောင်ဆံနွယ်တွေကငယ့်အလှကိုပိုပေါ်လွန်စေတဲ့ လက်နက်တစ်မျိုး။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now