part-33

14.5K 777 6
                                    

Kantharyar hospital

"ရသော်စစ် တစ်ယောက်ထဲအခန်းထဲမှာ ကျန်ခဲ့ပြီးကျန်တဲ့သူတွေအခန်းထဲကထွက်သွားပေးပါ"

ဦးမျိုးမဟာရဲ့တောင်းဆိုမှု့ကြောင့်ရန်ပိုင်၊ဦးဟိန်းနောင်နဲ့ကြယ်တို့သည်ထိုအခန်းထဲမှထွက်သွားပေးကြသည်။

ကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေသူနှင့်ဘေးနားမှာမတ်တပ်ရပ်ကာဦးမျိုးမဟာစကားကိုနားထောင်ရန်အသင့်ဖြစ်နေတဲ့ရသော်စစ်။

"ကြယ့်ကို မင်းဘယ်လိုသဘောထားလဲ။
ကိုယ့်ကိုလက်စားချေချင်တာတစ်ခုထဲနဲ့
ကြယ့် ကိုလက်ထပ်ခဲ့တာလား"

ထိုကိစ္စတွေကိုသူငယ်ချင်းဖြစ်သူဟိန်းနောင်နှင့်ရန်ပိုင် ပြောပြပြီးပြီဆိုပေမဲ့ရ‌သော်စစ်ဆီကပြန်ပြီးကြားချင်သေးသည်။ကြယ့်ကိုသူမနိုးခင်အချိန်မှာ ရသော်စစ်,ဘယ်လောက်ထိ ဂရုစိုက်တယ်၊ကြယ့် စိတ်မဆင်းရဲအောင် ဘယ်လိုအလိုလိုက်သည်ဆိုတာတွေကိုကြားခဲ့ပေမဲ့လက်မခံနိုင်ဘူး။ဒါပေမဲ့သူပြန်နိုးလာတဲ့နေ့မှာ ကြယ် ပြန်မလိုက်တော့မှာစိုးပြီး
စိုးရိမ်ပူပန်နေတဲ့ ရသော်စစ် မျက်နှာနဲ့ပူပန်မှု့တွေကိုလည်းသူတွေ့ခဲ့ပြီးပြီလေ။

"မဟုတ်ပါဘူး ကြယ့်ကိုလိုချင်လွန်းလို့ဦးမျိုးမဟာနဲ့ခြိမ်းခြောက်ပြီးကျွန်တော်လက်ထပ်ခဲ့တာပါ။ကြယ့် ဦးလေးမှန်းမသိခင်ထဲကကြယ်နဲ့အပြင်မှာဆုံဖူးပြီးသဘောကျခဲ့တာပါ"

ရသော်စစ်ရဲ့ဖြေရှင်းချက်တွေကိုနားထောင်ပြီးဦးမျိုးမဟာ အလိုတော့မကျပေ။သူ့ကို မုန်းနေတဲ့သူတစ်ယောက်ကကြယ့်ကို,ကိုယ့်တူမှန်းသိရက်ဘယ်လိုစိတ်နဲ့ချစ်နိုင်ခဲ့တာလဲ။ဒါမှမဟုတ်သူကိုယ်တိုင်ကစီးပွားရေးနဲ့ကြယ့်ကိုပဲဂရုစိုက်ခဲ့ရလို့အချစ်ရေးရာကိုမသိခဲ့လို့များလား။

"ဘာပဲဖြစ်ဖြစ် ကြယ့်သဘောမပါပဲမင်းလုပ်ခဲ့တာပဲ။ကြယ် စိတ်ညစ်ပြီးတစ်ခုခုလုပ်ပစ်ရင်ဘယ်လိုလုပ်မလဲ။ကြယ်ကလေစိတ်ညစ်ခံနိုင်တဲ့သူမျိုးမဟုတ်ဘူး။သူ့အနားမှာငါမရှိတဲ့အချိန်မှာမှအဲ့လိုကိစ္စနဲ့ကြုံရတော့ ကြယ် စိတ်ညစ်ခဲ့မှာသေချာတယ်"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora