စစ် မနက်နိုးလာတော့သူ့ရင်ခွင်ထဲမရှိနေသည့် ကြယ့်ကြောင့်ရင်ဘတ်တစ်ခုလုံးလစ်ဟာနေသလိုပင်။မျက်လုံးတွေကိုဖွင့်ပြီးချစ်ရတဲ့အကောင်ပေါက်လေးကိုရှာခါမှသူ့ရဲ့လက်တစ်လှမ်းအလိုမှာအဖြူရောင်ဖွေးဖွေးစောင်ကိုခြုံကာအိပ်နေသည်ကိုတွေ့သည်။ရင်ခွင်ထဲဝင်မအိပ်သည့်အပြင်လူနဲ့တစ်လှမ်းအကွာမှာအိပ်နေသည်သာမကပဲကျောပေးပြီးပါ အိပ်နေ၏။
ကြယ် နိုးသွားမှာစိုးလို့ကြယ့်ကိုအနားဆွဲမခေါ်ပဲထိုအကောင်ပေါက်လေးဆီကိုသွားဖို့
ရသော်စစ် တွေးလိုက်၏။ကြယ်နဲ့မျက်နှာချင်းဆိုင်ဘက်ကိုကျော်ပြီးလှဲချလိုက်သည်။အလိုက်တသိရင်ခွင်ထဲဝင်မအိပ်တဲ့ကောင်လေးကိုပါရင်ခွင်ထဲကိုဆွဲသွင်းလိုက်၏။
ဒီလောက်ထိတင်းနေအောင်ဖက်ထားတာကို
တစ်ချက်မှမလှုပ်အိပ်နေနိုင်သည်။ကြယ့်ရဲ့ ဆံပင်တွေကို စစ် နမ်းပြီးနှိုးလေသည်။ကြယ်ကတော့အိပ်မြဲတိုင်း။ထပ်ပြီးကြယ့် ပါးလေးတွေကိုနမ်း၏။ပါးအိအိလေးတွေကနမ်းရတာမဝလို့တစ်ချက်ဆွဲကိုက်လေတော့"အ့ ကိုကို!! နာတယ်။သူ့အသားမဟုတ်တိုင်း
လိုက်ကိုက်နေတယ်""နိုးပြီလား"
"မနိုးဘူး။ကိုကိုနောက်ယှက်နေတာရပ်လို့ရမလား။ကြယ် အိပ်ချင်သေးတယ်"
"မရဘူးထတော့!မနက်ဖြန်မေမိုးမွေးနေ့လက် ဆောင်သွားဝယ်ရမယ်။မေမိုးအတွက်တစ်ခု ခုဝယ်ပေးဖို့ကြယ်လိုက်ရွေးပေးလေနော်။ကိုကို သွားဝယ်မှ..မဟုတ်ရင် သူကိုယ်တိုင်လိုက်ရင် ကိုကို့ စည်းစိမ်ပြုတ်နေမယ်"
"တိုင်မယ် မမနဲ့။ကိုကို ပြောတာတွေကိုအကုန် လုံးကိုပြန်ပြောမှာ"
"ဘာ!! မင်းလေးကမေမိုးဘက်ကလား။အရင်ကသူဖြုန်းတာကိစ္စမဟုတ်ဘူး။အခုကိုကိုမှာ ရှာကျွေးရမဲ့ယောကျာ်းလေးရှိနေပြီ။ချွေတာရမယ်ကွ!ထတော့ကွာအခုပဲ၁၀နာရီရှိနေပြီ။
"အင်း အင်း ထပြီ"
"အား ကိုကို! ကြယ့်ကိုအကျီလဲဝတ်မပေးထားဘူး"
စစ် ထိုအသံထွက်လာမှာကိုကြိုသိလေသည်။
ကြယ့်ကအခုထိသူ့ရှေ့တွင်အဝတ်စားကို စည်းမဲ့ကမ်းမဲ့မလဲဖူးပေ။သူရှိနေရင်ရေချိုးခန်းထဲသွားလဲတတ်၏။သူကသာအရှက်မရှိလဲတတ်ပေမဲ့ ကြယ်ကအခုထိရှက်သေးသည်။ဒါကြောင့်လဲညကသူတမင်သက်သက်အကျီမဝတ်ထားပေးတာဖြစ်သည်။မနက်စောစောရှက်နေတဲ့ကောင်လေးကိုစချင်လို့ဖြစ်သည်။
CZYTASZ
အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)
Romansunicode မှူးရဲ့ ပထမဆုံး OC လေးပါ😘 စိတ်ကူးယဥ်ဇာတ်ကောင်လေးတွေမို့ တစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးနော် Warning မှူးရဲ့ ပထမဆုံး OC လေးပါ😘 စိတ်ကူးယဉ်ဇာတ်ကောင်လေးတွေမို့ တစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးနော် Warning