20 zawgyi.

868 30 0
                                    

"ဟင်!

စစ်ဆီကခွင့်တောင်းသံကိုကြားလေတော့အရှက်သည်းသွားသည့်ကလေးငယ်။စစ်ရဲ့မျက်နှာကိုမကြည့်ရဲသည်ထိဖြစ်လာသည်။သူတို့ကလက်ထပ်ထားသည့်တိုင်အောင်ထိုအခြေအနေတွေကိုကြယ့်ဘက်ကရှက်နေသေးတာဖြစ်၏။

မျက်နှာလေးနီမြန်းနေသည့်ကြယ့်ကိုကြည့်ပြီးစစ်နှုတ်ခမ်းတွေကပြုံးယောင်သန်းလာခဲ့သည်။ကြယ့်ရဲ့ပါးပြင်လေးထက်သူ့ရဲ့နှာဖျားလေးကိုတိုး‌ဝင်တော့ကလေးငယ်ကလှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။သူမနေနိုင်တော့ဘူး။ဒီအကောင်ပေါက်လေးကိုအသဲယားလို့သေတော့မည်။

"ကိုကို့ကို ခွင့်ပြုမှာလားလို့"

"ဟို.. ကြယ်လေ...

"အင်း ဘာဖြစ်သလဲ"

"အင့်! မသိတော့ဘူး "

မသိတော့ဘူးဆိုကာရင်ခွင်ထဲပြေးပုန်းသူကြောင့်စစ်မှာအသည်းခိုက်မတတ်ပင်။သူ့ကိုရူးအောင်များဖန်တီးနေတာလား။ကြယ်နဲ့ပတ်သတ်ရင်သူဘယ်လောက်ထိရူးရသလဲဆိုတာကိုယ်စောင့်နတ်အသိဆုံးဖြစ်လိမ့်မည်။

ကြယ်ရောင်ခဆိုတဲ့ကောင်လေးကြောင့်သူ့ရည်ရွယ်ချက်တွေကလည်းပျက်လုနီးပါးဖြစ်ခဲ့ရသည်။ဒီကောင်လေးကိုစပြီးရင်ခုန်ခဲ့တာတကယ့်ကိုရိုးရိုးလေး။အပြုံးလှလှလေးတွေနဲ့အပြစ်ကင်းစင်ပြီး‌ပျော်ပျော်နေတတ်သည့်ကောင်လေးကိုသူမြင်မြင်ချင်းသဘောကျခဲ့တာပင်။

ကြယ့်ဘက်ကသူ့ကိုဘာတွေနဲ့မှဖြားယောင်းခဲ့တာမရှိခဲ့ပေမဲ့ ကြယ့်ဆီမှာသူကိုယ်တိုင်ကလိုလိုလားလားညံ့သက်ခဲ့ရသည်။ဒူးထောက်ခဲ့တာဖြစ်သည်။အရှုံးပေးခဲ့မိတာဖြစ်သည်။

"ကြယ် လက်မခံရင်ကိုကိုရှေ့ဆက်မတိုးပါဘူး။မျက်နှာလေးပြပါဦး။ရှက်သွားတာလား"

ကိုယ့်ရင်ခွင်ထဲခေါင်းတိုးဝင်ကာမျက်နှာလေးဝှက်ထားသူကိုမနည်းချော့မော့နေရသည်။

တဖြည့်ဖြည်းချင်းရင်ခွင်ထဲကထွက်လာပြီးစစ်မျက်နှာကိုမရဲတရဲကြည့်လာသူ။

"ကိုကို စိတ်ဆိုးသွားတာလား"

"ဟင့်အင်း ကိုကိုစိတ်မဆိုးပါဘူး"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now