part-16 ...

22.7K 1.1K 66
                                    

"ပျင်းနေပြီလား ကြယ်. အစည်းဝေးကထင်တာထက်ကြာသွားတယ်"

စစ် meeting ပြီးသည်ဆိုသည့်နှင့်သူ၏
အလုပ်ခန်းကိုထွက်လာခဲ့သည်။ဒီနေ့က
အဲလက်စ် တာဝန်ယူထားရသည့်Project
ကိုshare ရှင်တွေကိုပထမplanအကြမ်းကို တင်ပြတဲ့နေ့ဖြစ်တော့ meetingကထင်တာထက်ကိုကြာသွားသည်။

စစ်,သည်အလုပ်သွားရင်ကြယ့်ကိုတစ်ယောက်ထဲအိမ်မှာမထားခဲ့။ကိုးလ်ကမေမိုးနောက်လိုက်ရသည်မို့ကြယ့်ကိုတော့စစ်က
အမြဲသူနှင့်အတူအလုပ်ကိုခေါ်ခဲ့သည်။ဦးမျိုးမဟာကိုသွားကြည့်သည့်နေ့ဆိုရင်တော့ကိုးလ် က​တစ်နေ့လုံးကြယ့်အနောက်လိုက်ရသည်။

"ဟုတ် နည်းနည်းတော့ ...ပျင်းတယ်ကိုကို။
ကိုကို့အလုပ်တွေပြီးပြီလား ဟင်"

"ကလေးကိုပစ်ထားမိပြီ။ကိုကိုနဲ့အတူမုန့်သွားစားမလား"

"မမမေမိုးပါ ပါမှာလား....."

"မေမိုး မအားဘူးအလုပ်ကိစ္စနဲ့အပြင်ခဏထွက်သွားတယ်.."

"အဲလက်စ် ရော....."

စစ် ကြယ့်ကိုမျက်ခုံးတွန့်ချိုးပြီးကြည့်လိုက်သည်။သူပျင်းနေလို့မုန်လိုက်ကျွေးမယ်ပြောတာလူစုံတက်စုံလိုက်မလားမေးနေတာကို
စစ် စိတ်တိုလာသည်။

"အဲလက်စ် မင်း လိုက်ချင်လား.."

"မလိုက်တော့ပါဘူး ကိုစစ်။ကျွန်တော့်ဧည့်သည် လာမှာမို့ပါ"

"ကြားလား ကြယ်.. အခုဘယ်သူမှမအားတော့ဘူး။ကြယ်မသွားချင်လဲကိုကိုနဲ့နှစ်ယောက်ထဲသွားးရတော့မယ်...."

စစ်ထိုသို့ပြောမှကြယ်မျက်လေးပြူးသွားရသည်။ကိုကိုနဲ့နှစ်ယောက်ထဲမသွားချင်လို့ ကြယ်က လူစုံအောင်မေးနေတယ်လို့ကိုကိုထင်နေသည်ကိုအခုမှကြယ်သိသည်။စိတ် ဆိုးနေတဲ့ရုပ်ကြီးနှင့်ကြယ့်ရဲ့လက်လေး​ကို ဆွဲယူပြီးအပြင်သွားဖို့ထွက်လာခဲ့ကြသည်။

ကားစက်နိုးဖို့ပြင်နေတဲ့စစ်ရဲ့လက်ကိုကြယ်က သူ့လက်လေးနှစ်ဖက်နှင့်ကိုင်လိုက်ရင်း

"ကြယ်က ကိုကိုနဲ့နှစ်ယောက်ထဲမသွားချင်လို့မဟုတ်ပါဘူး...."

"အဲ့ဒါဆို ဘာကြောင့်လဲ....."

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now