part-29

14.9K 944 9
                                    

"ကိုးလ် ကိုးလ် !!

အလောတကြီးရုံးခန်းထဲဝင်လာသည့်မေမိုး။
ဘာတွေများအရေးကြီးကြီးပြန်လဲမသိပေ။

"ငယ် ဖြည်းဖြည်းလာချော်လဲမယ်"

"မလဲဘူး မလဲဘူး မေမိုး ဒေါင့်တွေကိုကိုးလ်
သိမ်းထားတာအပါးစီးထားတာ။အခုချော်လဲတာအရေးမကြီးဘူး။ဦးမျိုးမဟာ သတိရပြီတဲ့ အဲလက်စ်နဲ့ခုနကCompany အဝမှာတွေ့လို့သိလာတာ"

"ဟုတ်လား အဲလက်စ်ကအဲ့လိုပဲပြောလား~~
အဲလက်စ် လည်းခုမှသိတာထင်တယ်။ကိုစစ် ကကျွန်တော့်ကိုလည်းဘာမှမပြောဘူးဒုက္ခပါပဲကွာ"

ခုဏကအလောတကြီးဖြစ်တာမေမိုးပေမဲ့အခု ပြန်ပြီးအလောတကြီးဖြစ်နေတဲ့ ကိုးလ်။
ဘာတွေလဲ..ဘာတွေဒုက္ခဖြစ်နေတာလဲ။
အဲလက်စ်ကိုလည်း သေချာမမေးလိုက်ရတော့ ကိုးလ် ဘာကိုစိတ်ပူနေမှန်းမသိတော့ဘူး။

"ဘယ်သွားမို့လဲ ကိုးလ် "

"ကိုစစ် ရုံးခန်းလေ "

"စစ် မလာသေးဘူး။ဘာတွေဖြစ်နေတာလဲ
မေမိုး ကိုပြောပါဦး ကိုးလ်ရယ်"

"‌ပြောရမှာရှည်တယ်။အခုကျွန်တော်သွားစရာရှိလို့ငယ့်ကိုစက်ရုံဘက်လိုက်မပို့နိုင်တော့ဘူး။စက်ရုံကိုမသွားနဲ့တော့ငယ်~~~
ဒီကိုကျွန်တော့် ဧည့်သည်လာဖို့လည်းရှိတယ်
ကုန်ကြမ်းကိစ္စပဲကျွန်တော့်ကိုယ်စား ငယ် တွေ့ပေးပါလား"

"အင်းပါ ပြီးရင် မေမိုးကိုသတင်းပြန်ပြောနော်။ဘာတွေဖြစ်နေမှန်းမသိပေမဲ့ မေမိုး စိတ်ပူတယ်"

"ဘာမှမဖြစ်ဘူး စိတ်မပူနဲ့နော်"

ငယ့်ကို အကုန်ပြောပြလို့မဖြစ်သေးချေ။
ဦးဟိန်းနောင်နဲ့တွေ့ပြီးပြန်လာထဲက ကိုစစ်ရဲ့
မျက်နှာမကောင်းတာသိပေမဲ့ ကိုစစ် မပြောပြလေတော့မေးဖို့ကလည်းမရဲ။အခုဦးမျိုးမဟာကသတိရလာပြီ။ကိုစစ်ကလဲဘာမှအသံမပြုပုံထောက်ရင်တစ်ခုခုပဲ။ဦးဟိန်းနောင်ကိုသွားခေါ်ပြီးဆေးရုံလိုက်တာအကောင်းဆုံးဖြစ်မလား။

-
-
-
-

"စိုးရိမ်စရာမရှိတော့ပါဘူး။လအတော်ကြာသတိမလည်တဲ့လူနာအနေနဲ့အခုခြေနေက အများကြီးကောင်းတယ်လို့ပြောရမယ်ဦးမျိုးမဟာ"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Tempat cerita menjadi hidup. Temukan sekarang