part-14

23.4K 1.2K 53
                                    

"ရသော်စစ် ကလေးကိုအရမ်းဆူနေလားမသိဘူး။အိမ်ကိုလိုက်သွားရမလား။ဒါမှမဟုတ် စစ် ကိုဖုန်းဆက်ကြည့်ရမလား..."

ပြန်ရောက်ထဲကအဝတ်အစားတောင်မလဲနိုင်သေးတဲ့ မေမိုးကိုရေချိုးပြီးလို့အခန်းထဲကထွက်လာတဲ့ ကိုးလ် ကြည့်နေသည်။

ခါးလောက်ရှည်တဲ့ဖြောင့်စင်းနေတဲ့ဆံပင်တွေကိုဘာအရောင်မှဆိုးထားခြင်းမရှိပဲအနက်ရောင်လေးဒီအတိုင်းဖြန့်ချထား၏။မေမိုးလမ်းလျှောက်တိုင်းဆံနွယ်တွေကယိမ်းနွဲ့နေသည်။အလက်လက်အနည်းငယ်ပါသည့်အညိုရောင်ကိုယ်ကြပ်ဂါဝန်လေးနဲ့မေမိုးက ကိုးလ်ရဲ့မျက်လုံးထဲမှာတော့သိပ်လှတဲ့ ပန်းချီကားတစ်ချက်ဖြစ်နေသည်။

ကိုစစ်ရဲ့အခန်းထဲကဓာတ်ပုံလေးမြင်ပြီးခဲ့သည်ထဲကငယ့်ကိုဆွဲလန်းမိတာဖြစ်သည်။မြန်မာနိုင်ငံမှာအခြေချတော့မယ်ဆိုသည်ကိုကြားတော့ အပျော်ဆုံးလူကကိုးလ်ဖြစ်လိမ့်မည်။ဘာကြောင့်လဲဆိုတော့မေမိုးကိုအပြင်မှာ အရမ်းတွေ့ဖူးချင်တာသူ့ဆန္ဒ‌ေလးဖြစ်၏။

ကိုစစ်ပေးတဲ့အလုပ်ကငယ့်ကိုစောင့်ရှောက် ပေးရတဲ့အပြင်အတူနေရမယ်ဆိုတော့အ ပျော်တွေကအတိုင်းထက်အလွန်ပင်။​

သို့သော်မေမိုးကတော့ ကိုးလ်ကိုအခုထိသိပ်မရင်းနှီးသလိုနည်းနည်းအနေစိမ်းနေသေးသည်။

"ကိုးလ် ရေချိုးပြီးပြီလား..."

သူ့ဘာသာရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်နှင့်အခုတော့သူ့ကိုမတ်
တပ်ရပ်လျက်ကြည့်နေသည့် ကိုးလ်ကို
မေမိုးတွေ့သွားသည်။

"အင်း ပြီးပြီ...ငယ် ရေမချိုးသေးဘူးလား"

"ရေကအသာထား ကားသော့ပေး.."

"ဘာလုပ်မလို့လဲ...."

"ဘာလုပ်ရမှာလဲ စစ်လေကြယ့်ကိုရိုက်နေမှာစိုးလို့။မေမိုး စိတ်မချဘူး။ခဏလိုက်သွား
လိုက်ဦးမယ်..ကိုးလ် လိုက်မပို့နဲ့တော့"

​စိုးရိမ်တတ်တဲ့ မေမိုးကိုကြည့်ပြီးကိုးလ်
ရယ်မိသည်။မေမိုးလဲ ကိုးလ်ကရယ်လိုက်သောကြောင့်ကြောင်အအလေးနှင့်ကိုးလ်ကို မျက်ခုံးပင့်ပြလေသည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now