27 zawgyi

661 20 0
                                    

Park Royal hotel

ဦးဟိန်းနောင် ရန်ကုန်ကိုဒီနေ့ရောက်မည်ဆိုသောကြောင့်သူတည်းမည့် hotelတွင်တွေ့ရန်
လာ,ရသော်စစ်လာစောင့်‌နေခြင်းဖြစ်သည်။မနေ့ညထဲကသတင်းအတိအကျရသည်မို့ စစ် အိပ်မပျော်ခဲ့ပေ။ဦးဟိန်းနောင်ဆီကဘယ် လိုအကြောင်းအရာတွေကိုသိရမလဲမသိ၍ အမှန်တကယ်ပင်စိတ်လှုပ်ရှားနေ၏။

ခွန်းက ဦးဟိန်းနောင်ကိုသွားကြိုပြီးသည်နှင့်
Hotel ကိုသာခေါ်လာမည်ဆိုသောကြောင့်
အဆင်သင့်တွေ့လို့ရအောင်,စစ် ကြိုပြီး
လာစောင့်နေတာဖြစ်သည်။

"ကိုစစ် ဒီဘက်ကဦးဟိန်းနောင်ပါ။ဦးဟိန်းဒါကကျွန်တော့်သူဌေးကိုရသော်စစ်ပါ။အစ်ကိုလေးကြယ်ရောင်ခ ရဲ့ခင်ပွန်းပါ"

ခွန်း နှုတ်ဆက်အပြီးတစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်ရင်းအချင်းချင်းပြန်မိတ်ဆက်ကြသည်။

"ကိုယ် သတင်းတွေကြားသင့်သလောက်ကြားပါတယ်။ဒီကိစ္စတွေကကိုယ့်အပြစ်တွေအများကြီးပါတယ်။မဟာရော၊သားကြယ်ပါကိုယ့်ကြောင့်အခုလိုတွေဒုက္ခရောက်လိမ့်မယ် ကိုယ်မတွေးမိခဲ့ဘူး။အဆင်‌ပြေတဲ့အခြေ အနေတစ်ခုကိုကိုယ်ရွေးချယ်မိခဲ့တာကိုယ့်အမှားပဲ"

စစ်နဲ့နှစ်ယောက်ထဲရှိနေသည့်အနေထားတွင်မှဦးဟိန်းနောင် သူ့ရဲ့ခံစားချက်တွေကိုလေပူတစ်ချက်မှုတ်ထုတ်ကာပြောလေသည်။
အစမရှိပဲပြောလိုက်သည့်စကားတွေကို
စစ် နားမလည်မှန်း ဦးဟိန်းနောင်သိသည်။

"ဦးဟိန်းနောင် ပြောချင်တာကဘာလဲ။ကျွန် တော်သိချင်တာ ဦးမျိုးမဟာနဲ့ကျွန်တော့်အမ အကြောင်းပဲ။ဦးဟိန်းနောင်ကဒီကိစ္စအတွက်ဘယ်လောက်ထိတာဝန်ယူပြီးဘယ်လိုဖြေ ရှင်းချက်ပေးမှာလဲ။ဦးဟိန်းနောင်ပြောသမျှ
အမှန်တရားဆိုတာဘယ်လိုသက်သေပြမလဲပဲကျွန်တော့်ကိုပြောပါ"

စစ်ရဲ့သိလိုစိတ်တွေကြောင့်စိတ်လှုပ်ရှားမှုတွေကပါ ကပ်ပါလာသည်။

"အဲ့ကိစ္စရဲ့အဓိကတရားခံကကိုယ်ပဲမို့အမှန်တရားကလည်းကိုယ်,ကိုယ်တိုင်ပဲရသော်စစ်။ဒီကိစ္စတွေကိုပြောရမယ်ဆိုလွန်ခဲ့ပြီဖြစ်တဲ့အတိတ်တွေဆီသွားရမယ်။မင်းဘက်ကစိတ်ရှည်ပေးပါလို့ ကိုယ်တောင်းဆိုပါတယ်.....

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now