part-12 ...

27K 1.4K 60
                                    

အခုမှရောက်လာတဲ့အဲလက်စ်ကိုcompany အလုပ်တွေကို ရသော်စစ်ပြောပြနေရသည်။companyအလုပ်တွေကိုအဲလက်စ်နဲ့လွှဲသင့်သလောက်လွှဲထားမှဖြစ်မည်လေ။အဲလက်စ်ကိုဒီကိုခေါ်မယ်လိုတွေးထားပြီးထဲကသင်ယူသင့်တာတွေသင်ရန် စစ်ညွှန်ကြားပြီးသား။

အဲလက်စ်ကဟိုမှာလူမိုက်ဆိုပေမဲ့လူရည်အရမ်းလည်သည်။စိတ်မြန်သူမို့အလျင်စလိုလုပ်တတ်ပေမဲ့ စစ်စိတ်ချပြီးမျက်နှာလွဲလို့ရသည်။

ဒါပေမဲ့အဲလက်စ်ကအလုပ်တွေမအားအောင် ဖိခိုင်းထားမှဖြစ်မည်။မြန်မာနိုင်ငံကအမေရိကားလိုမဟုတ်တော့ကိုယ့်လူကိုထိန်းသည့်သဘောပင်။နောက်ပြီးအဲလက်စ်ကိုတည်တည်ငြိမ်ငြိမ်လေးလည်းဖြစ်စေချင်ပြီ။

"ဘယ်လိုလဲ ခေါင်းရှုပ်သွားပြီလား။ဖြည်း ဖြည်းချင်းလေ့လာအချိန်တွေရှိပါတယ်။ဖြည်းဖြည်းနဲ့မှန်မှန်တော့သွား။လောဖို့မလိုဘူး။ကိုယ်ပြောတာသဘောပေါက်လား
အဲလက်စ်"

"ဟုတ်ကဲ့ boss ကျွန်တော်သေချာလေ့လာထားပါမယ်။boss စိတ်မပျက်စေရပါဘူး"

"ဟေ့! boss လို့မခေါ်နဲ့တော့လို့မှာထားတယ်မလား"

"ဟုတ်ကဲ့ ကိုစစ် အကျင့်ဖြစ်နေလို့ပါ။နောက်မဖြစ်စေရပါဘူး"

"မင်းကိုအလုပ်တစ်ခုစပြီးဦးဆောင်ခိုင်းမယ်။Shopping mall ဆောက်ဖို့ရှိတယ်။အဲ့ဒါကိုကြီးကြပ်ရမယ်။အဲ့project ကိုလိုချင်တဲ့ constructionတွေကလာ joyလိမ့်မယ် ...။အဲ့ထဲကမှမင်းရွေးချယ်ပြီးလက်တွဲပေါ့"

"ဟုတ်ကဲ့ ကိုစစ် ကျွန်တော်အမြန်ဆုံးလုပ်ငန်းအကြောင်းကိုလေ့လာပါမယ်။ကိုစစ် စိတ်မပျက်စေရပါဘူး..."

"အင်း.. ဟုတ်ပြီဒါဆိုသွားလို့ရပြီ။ဒီနေ့တော့ အလုပ်တွေမလုပ်နဲ့တော့နားလိုက်"

သူ့ကိုဦးညွှတ်ကာထွက်သွားတဲ့အဲလက်စ်သည်လက်ထဲမှာဖိုင်တစ်ပုံတစ်ပင်ကြီးနဲ့။နားတော့လို့ပြောလိုက်ပေမဲ့ အဲလက်စ်အလုပ်တွေလုပ်ဦးမှာ စစ် သိနေသည်။အဲလက်စ်နဲ့ကိုးလ်ကသင်လွယ်တတ်လွယ်သည်။ဒါကလဲ
သူတို့ရဲ့တစ်ခုခုကိုလေ့လာလိုစိတ်ပြင်းလို့လဲပါသည်။အရင်းနှီးထုတ်ပေးပေမဲ့သူ့တို့တွေမယူတော့ စစ် သည်companyထဲပဲshare တစ်စုအနေနဲ့ထည့်ထားပေးသည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora