30 zawgyi

709 23 0
                                    

ကြယ့်ကိုရန်ကုန်နဲ့အဝေးကြီးမဟုတ်ပဲသန်လျင်ဘက်ကprojectအသစ်လုပ်ဖို့ဝယ်ထားတဲ့ခြံဝန်းထဲပဲ ရသော်စစ်ခေါ်လာခဲ့သည်။ထိုခြံဟာစက်ရုံတိုးချဲ့ဖို့အတွက်ဝယ်ထားခြင်းဖြစ်သည်။အဲလက်စ်ထိုခြံကိုဝယ်ထဲကသူ တစ်ခါပဲလာကြည့်ရသေးသည်။

တစ်ထပ်တိုက်ပုလေးတစ်လုံးလေးပါပေမဲ့
လုပ်ငန်းမစသေး၍မဖြိုရသေးတော့အဆင် ပြေသွားသည်။အရင်ကခြံကိုစောင့်ရှောက်ပေးတဲ့မိသားစုတွေနေသည့်ပုံ။အိမ်လေးက
သက်သက်ရပ်ရပ်ပင်။ရန်ကုန်မှာပိုင်ဆိုင်တဲ့အိမ်ဆိုလို့လက်ရှိနေသည့်ခြံနဲ့တိုက်သာရှိနေသည်မို့ထိုနေရာသာခဏခိုလုံဖို့ကြယ့်ကို ခေါ်လာခဲ့သည်။

မေ့ဆေးအရှိန်ကြောင့်အိပ်ပျော်နေတဲ့ကြယ့်ကိုကြည့်ပြီးစိတ်ထဲကအကြိမ်ကြိမ်တောင်း ပန်နေမိသည်။အခုလဲကြယ့်ကိုသူပြန်ပေးဆွဲမိပြန်ပြီ။

ရယ်တော့ရယ်ရသားတရားဝင်လက်ထပ်ထားတဲ့ကိုယ့်ယောကျာ်းလေးကိုပြန်ပေးဆွဲရတယ်လို့။အရာအားလုံးကတမင်သက်သက်ကျူးလွန်ခဲ့တာမဟုတ်ပေမဲ့အမှားအားလုံးကိုခံယူဖို့အသင့်ပေ။သို့သော်ကြယ်ထားခဲ့မှာကိုတော့လက်မခံနိုင်တဲ့ကိုယ့်အတ္တကိုနားလည်ပေးပါ။ဦးမျိုးမဟာကိုလက်စားချေဖို့အကွက် ကျကျစီစဉ်ခဲ့ပေမဲ့ ကြယ့်ကိုချစ်မိခဲ့တာတော့ကိုကိုရိုးသားခဲ့တယ်။

အခုချိန်ထိကြယ်နဲ့ကိုကိုတွေ့ခဲ့တာကိုမှားယွင်တဲ့တွေ့ဆုံမှု့ရယ်လို့မသတ်မှတ်ဖူးဘူး။မမအပေါ်အားနာစိတ်နဲ့ကြယ့်ကိုချစ်မိသည်ထိ ကိုကိုရဲ့နှလုံးသားကိုကြယ်ယူသွားခဲ့တာ။အခုချိန်မှမသိလို့ကျူးလွန်ခဲ့တဲ့အမှားကြောင့် ကိုကိုကကြယ့်ကိုစွန်လွှတ်ရမယ်တဲ့လား။

အတ္တကြီးတယ်ပဲပြောပြောကိုကိုဒီတစ်ခါလဲ
ထပ်ပြီးမိုက်ရူးရဲဆန်ပါရစေကလေးရယ်

အိပ်ပျော်နေတဲ့အကောင်ပေါက်လေးလက် လေးကိုညင်သာစွာဆုပ်ကိုင်ကာအနမ်းလေးပေးမိသည်။ညနေစောင်းပြီမို့ညစာစားဖို့တစ် ခုခုပြင်ဆင်ထားဖို့ ရသော်စစ်အခန်းထဲကထွက်လာခဲ့သည်။

--
--
--

သွားစရာရှိတယ်ဆိုပြီးcompanyရောက်တာဖြင့်မကြာသေးဘူးအပြင်ပြန်ထွက်သွားတဲ့ ကိုးလ်ကိုစောင့်နေတာထမင်းစားချိန်လဲပြန်မလာ၊ဖုန်းဆက်တော့လဲမကိုင်သောကြောင့် မေမိုး စိတ်အတော်တိုနေပြီဖြစ်သည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now