part_31

15.6K 1K 31
                                    

"ကယ်လေးကိုကြယ်ကဘယ်လိုလုပ်ရမှာလဲ။
ကယ်လေးကိုထားခဲ့ပြီးကိုကို့နောက်ကိုကြယ်လိုက်လိမ့်မယ်လို့ကိုကိုထင်နေတာလား။
ကယ်လေးနဲ့ကိုကို့ကိုရွေးရမယ်ဆိုရင်တောင်
ကြယ် ကယ်လေးကိုပဲမစဉ်းစားပဲရွေးချယ်မှာ"

"ကြယ်!!!မင်းအဲ့လိုလုပ်လို့မရဘူးလေ။
ကိုကိုချစ်တာမင်းအတွက်မလုံလောက်တာလား..မယုံကြည်သေးတာလား!!!"

သူ့ကိုမရွေးချယ်ချယ်ဘူးပြောလာသော ကြောင့်ရသော်စစ် စိတ်ထဲတုန်လှုပ်သွားသည်။ကြယ့်ကိုသူဒေါသဖြစ်မိသွား၏။

လန့်သွား‌လို့ခန္ဓာကိုယ်လေးတုန်သွားပေမဲ့
စစ်ကိုစူးရှတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသေးတဲ့ ကြယ်။

"အခုလေသေချင်စိတ်ပါပေါက်နေပြီဆိုတာ ကိုကိုသိရဲ့လား။ကိုကို့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကိုမျက်ဝါးထင်ထင်မြင်နေရ‌တာတောင် ကိုကို့ကိုမမုန်းနိုင်သေးတဲ့ကိုယ့်ကိုယ်ကိုအရမ်းလဲစိတ်ပျက်မိတယ်"

"မုန်းချင်နေပြီတဲ့လား။ကြယ့်ဆီကအမုန်းကိုသာရရင်လေသေသွားနိုင်တဲ့သူက ကိုကိုဖြစ်နေမယ်ကြယ်ရဲ့။အဲ့ဒါရော ကြယ်သိရဲ့လား"

"တော်ပါတော့!!ကိုကိုကမမုန်းနဲ့သာပြောနေတာကိုကို့လုပ်ရပ်တွေကိုပြန်ကြည့်ပါဦး။
ကြယ် မမုန်းမုန်းအောင်စိတ်မနာနာအောင်
တွန်းပို့နေတာလေ။အခုဆေးရုံမှာကယ်လေး
က ကြယ်ပျောက်သွားတာသိပြီးတစ်ခုခုထပ်ဖြစ်လို့ကတော့ ကြယ် ကိုယ့်ကိုယ်ကိုသတ်သေပစ်မယ်။အဲ့ဒါမှကြယ်လဲစိတ်မဆင်းရဲရတော့မှာ အီးဟီး ကိုကိုကအရမ်းတစ်ကိုယ် ကောင်းဆန်တယ်။ကိုကို့ကို ကြယ်မုန်းပစ်ချင်တယ်။ဒါပေမဲ့ ကြယ် ကိုကို့ကိုအရမ်းချစ်တယ်မုန်းလို့မရဘူး အီးဟီး "

စစ် တစ်ကိုယ်လုံးရေခဲရိုက်ထားသလိုတောင့် တင်းသွားရသည်။ကြယ်ကချစ်နေတာတဲ့လေ။ကြယ်ကသူ့ကိုချစ်တယ်တဲ့။

ကြယ်ကအခုချစ်တယ်လို့ပြောလိုက်တာလား။မယုံနိုင်ပေမဲ့မုန်းလို့မရအောင်ထိချစ်နေတယ်လို့ပြောလိုက်တာသူနားနဲ့ဆက်ဆက်ကြားလိုက်ရသည်မလား။

စစ်ကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟပြီးစစ်ရဲ့ရင်ခွင်ထဲဝင်လာကာလက်သီဆုပ်လေးနဲ့ စစ်ရဲ့ရင်ဘတ်ကိုထုရိုက်ပြီးကိုကိုကအရမ်းဆိုးတယ်၊အရမ်းတစ်ကိုယ်ကောင်းဆန်တယ်ဆိုပြီးထုရိုက်လေတဲ့ ကြယ်။စစ်လဲအံ့ဩပေမဲ့ အရမ်းလည်းပျော်ရွှင်မိတာပင်။ဒါကတော့ စစ်ရဲ့ပျော်ရွှင်မှုကိုပြသတဲ့မျက်ရည်တွေက သက်သေပါလေ။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now