Extra 2 zawgyi

1K 19 0
                                    

ဦးမျိုး အိမ်ကပြန်လာထဲကစိတ်ကောက်နေတဲ့‌ကြယ့်ကို ရသော်စစ်ချော့ဖို့နည်းလမ်းရှာနေရသည်။ကြယ် စိတ်မကောင်းဖြစ်နေတာဆိုပိုမှန်ပေမည်။ဉီးမျိုးကမြန်မာနိုင်ငံမှာမနေပဲ သူ့သူငယ်ချင်းဆရာဝန်ဖြစ်သူ ဦးဟိန်းနဲ့ လိုက်သွားပြီးပရဟိတလုပ်ချင်နေသည်။

ဦးမျိုး ဘဝတစ်ယောက်လုံးကြယ့်အတွက်ပေးဆပ်ခဲ့တာမို့ စစ်,အနေနဲ့ကတော့ဦးမျိုးရဲ့ ဆန္ဒကိုအလေးနက်ထားပေးသည်။ဦးမျိုး သည်လည်း သူရှိနေလို့ထိုရည်မှန်းချက်
လေးကိုလုပ်ခွင့်ရတယ်ဆိုပြီးသူ့ကိုကျေးဇူး
နေတာဖြစ်သည်။

ကြယ် ကတော့ကလေးပီပီသူ့ဦးလေးကိုမခွဲ
နိုင်ဖြစ်‌နေသည်။အိမ်ကိုပြန်လာထဲကအပေါ်တက်ပြီးဘယ်သူ့ကိုမှစကားမပြောပဲကောက် ချိတ်လေးလုပ်နေ၏။ကွေးကောက်အောင်အိပ်နေပြီးစောင်ပါခေါင်းမြီးခြုံထားတဲ့ကြယ့်ကို စစ် သနားလည်းသနားသည်။ဒါပေမဲ့သူမှမပြောပြရင်ကြယ့်ကိုဘယ်သူကနားလည်အောင်ရှင်းပြတော့မှာလဲ။

"ကြယ် ‌ခဏနေရင်ပါတီစတော့မှာထပြီးရေချိုးတော့လေ။ဦးမျိုးကိုစိတ်မဆိုးနေပါနဲ့တော့။ကြယ်ပဲကြယ့်ကယ်လေးကိုချစ်တယ်ဆို။မချစ်တော့ဘူးလား ဦးမျိုးကို"

"အဟင့် ချစ်တယ်လေချစ်တာပေါ့။ဒါပေမဲ့ ကယ်လေးကကြယ့်ကိုမချစ်တော့ဘူး"

"ကြယ်ကလည်းကွာ ဦးမျိုးကကြယ့်ကိုမချစ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"

စစ် ခြုံထားတဲ့စောင်လေးကိုဖယ်ပြီးကြယ့်ကို
ချီကာသူ့ပေါင်ပေါ်တင်ထားလိုက်သည်။

"ဖြစ်နိုင်တယ် ဖြစ်နိုင်လို့ပဲအခုကြယ်နဲ့အဝေးကြီးကိုကယ်လေးကထွက်သွားချင်တာပေါ့။
ကိုကိုလည်းအတူတူပဲကယ်လေးကိုဝိုင်းမတားပေးဘူး။ကြယ်တို့၃ယောက်အတူတူနေရတော့မယ်ဆိုပြီးပျော်နေတာ။အခုတော့အဟီး!!မသွားရဘူးကယ်လေးကိုသွားခွင့်မပေးဘူး။ကြယ်နဲ့ပဲနေရမယ်အဟင့် ဟင့်....
ကိုကို ပြောပေး ကယ်လေးကိုတားပေး။မသွားခိုင်းပါနဲ့နော် ...."

"ကြယ် ကိုကို့ကို ကြည့်။ခဏလေးကိုကိုပြောပြတာနားထောင်ပေး"

"အင့် ဟင့်"

စစ်ရဲ့မျက်နှာကိုမျက်နှာငယ်လေးနဲ့ကြယ်
ကြည့်ပေမဲ့သူကတော့ပြောစရာရှိတာပြောရပေဦးမည်လေ။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now