Extra-3

15.2K 684 36
                                    

ခွန်း SSCဆေးရုံကြီးရဲ့ပင်မအဆောင်ထဲတစ်ယောက်ထဲတစ်ဝဲလည်လည်နဲ့ပင်။အခုသူ့ပုံစံဟာတွေ့တဲ့သူတိုင်းဘာဖြစ်လို့ပါလိမ့်ဆိုတဲ့အကြည့်တွေနဲ့ကြည့်ခံ‌နေရသည်။အခုအရေးကြီးနေတာလိုက်ကြည့်နေတဲ့လူတွေရဲ့အကြည့်မဟုတ်ဘူးအဲလက်စ် ရှိတဲ့လူနာဆောင်၊ဒါမှမဟုတ်ခွဲခန်းလား။အခုသူဘယ်သွားလို့သွားရမှန်းမသိတော့ဘူး။‌ကိုးလ်ထံမှဖုန်းဆက်လာပြီးအဲလက်စ် ကားတိုက်မှု့ဖြစ်တယ်နဲ့ SSCဆေးရုံကိုရောက်နေတာပဲသူသိရသည်။

အလုပ်ကိစ္စနဲ့ရောက်နေတဲ့နေရာကနေသူဘယ်လိုလုပ်ဒီကိုရောက်လာလဲတောင်မသိတော့ဘူး။အဲလက်စ် ဘာမှမဖြစ်ရဘူး။

အဲလက်စ်အမြဲပြောနေကြဖြစ်တဲ့"ကိုယ်မင်းကိုဘယ်တော့မှမထားခဲ့ဘူး"ဆိုတဲ့စကားကို အကြွင်းမဲ့ယုံထားတာမို့။စီးကျနေတဲ့မျက်ရည်တွေကိုလက်ဖမိုးနဲ့သုတ်ကာအားပျော့နေတဲ့ခြေလှမ်းတွေကို ခွန်း အားတင်းကာဆက်လျှောက်သည်။ဘေးကသွားနေတဲ့ ဆရာဝန်လေးတစ်ယောက်ကို အဲလက်စ်ရှိတဲ့ နေရာကို သူမေးလိုက်သည်။

"ဆရာဒီကိုaccidentနဲ့ရောက်လာတဲ့လူနာအဲလက်စ်ဆိုတာဘယ်မှာလဲ ဗျ"

"ကားတိုက်မှု့နဲ့လား"

"ဟုတ် ဟုတ်ပါတယ်။သူရှိမဲ့နေရာကိုပြောပြပေးပါ။ကျွန်တော်သူ့အမျိုးသားပါ"

"....

သူ့ရဲ့အဖြေကိုဆရာလေးကအံ့ဩသွားပုံ။အခုချိန်မှာ အဲလက်စ်ရှိရာရောက်ဖို့က အရေးကြီးနေတာမို့သူအထိမိဆုံးနဲ့နေရာသိရအောင်ထိုသို့ပြောလိုက်မိလေလားပဲ။

"လူနာက အခန်း.... မှာပါ။မိသားစုဝင်ဆိုဝင်လို့ရပါတယ်"

"ဟုတ် ကျေးဇူးပါ"

ခွန်း ဆရာ့ကိုနှုတ်ဆက်ပြီးထိုနေရာကိုအမြန်ဆုံးသွားလိုက်သည်။အခန်းထဲမှာသူကလွှဲရင်အကုန်ရောက်နေကြ၏။

သူ့ကိုမြင်သည်နှင့်မျက်နှာလွှဲသွားတဲ့အဲလက်စ်။အားလုံးရောက်နေပြီးအခုမှသူရောက်လာလို့ အဲလက်စ် စိတ်မကောင်းဖြစ်နေတာလား။

"ခွန်း ရောက်လာပြီလား.."

"ဟုတ် မမမေမိုး..."

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Tempat cerita menjadi hidup. Temukan sekarang