part_28

15K 960 6
                                    

ဆရာဝန်တွေနဲ့ရှုပ်ယှက်ခက်နေသည့်အခန်းလေးထဲ စစ်နဲ့ကြယ်ရောက်လာခဲ့သည်။

"ကယ်လေး ကယ်လေး!"

ဦးလေးဖြစ်သူကိုစိုးရိမ်တကြီးခေါ်ကာစစ်လက်ထဲကကြယ်သည်ရုန်းထွက်သွားလေသည်။ဆုပ်ကိုင်ထားတဲ့လက်သေးသေးသည် လက်ထဲကလွတ်ထွက်သွားလေတော့တစ်ခုခုကိုဆုံးရှုံးရတဲ့ခံစားချက်။လုံးဝကိုနောက်လှည့်ကြည့်ခြင်းမရှိပဲဦးလေးဖြစ်သူကိုသာ အပြေးသွားဖက်တဲ့ကြယ့်ကိုကြည့်ပြီးအခန်းဝမှာကျန်ခဲ့တဲ့ကိုယ့်အဖြစ်။ထိုအခန်းထဲဝင်သွားဖို့ကလည်းချီတုံချတုံဖြစ်နေမိသည်။အမှားတွေကိုကျူးလွန်ထားတဲ့လူတစ်ယောက်အနေနဲ့ထိုအခန်းထဲဝင်သွားဖို့က ခက်ခဲနေခဲ့၏။

ဆရာ‌ဝန်တွေကစစ်ဆေးစရာရှိတာတွေကို
စစ်ဆေးပြီးသည်မို့ထွက်သွားကြလေတော့
အလွမ်းသယ်နေတဲ့တူရီးနှစ်‌ယောက်။

"ကြယ်လေး နေကောင်းရဲ့လား။ကယ်လေး တောင်းပန်ပါတယ်။ကြယ်လေးကိုစောင့် ရှောက်ရမှာကို ကယ်လေးက ပြန်ပြီး..

"ကြယ်နေကောင်းတယ်ကယ်လေးကိုအရမ်းလွမ်းတယ်..အရမ်းလွမ်းတယ်။အခုလိုပြန် လာတာပဲ ကြယ်ကျေးဇူးတင်နေတာပါ။
ကြယ့်မှာ ကယ်လေးပဲရှိတာ။ကယ်လေးသာ
ကြယ့်ကိုခွဲသွားရင်အီးဟီးဟီး ကြောက်တယ် ကယ်လေး "

စိတ်မကောင်းဖြစ်၍ငိုနေတဲ့ချစ်ရဆုံးလေးကို
ဖက်ထားပြီးကိုယ်တိုင်လဲစိတ်မကောင်းဖြစ်ရသည်။ဒီခလေးကိုတူဆိုတာထက်သားတစ်ယောက်လိုကိုယ်တိုင်ပြုစုပြီးအခုအရွယ်ထိ
စောင့်ရှောက်လာသည်မို့ ကိုယ်ပိုင်အချိန်တွေကအစထိုခလေးကိုပဲအကုန်ပေးခဲ့တာပင်။

"ဟုတ်ပြီ မငိုနဲ့တော့ မငိုနဲ့တော့။ကယ်လေးကို ချစ်ရင် ပြုံးပြပါဦး"

"အရမ်းပျော်လို့ငိုမိတာပါ။ကယ်လေးက
ကြယ် ငိုတာ မကြိုက်မှန်းသိပါတယ်"

"လိမ္မာလိုက်တာ ထပ်ပြီး ဖက်ပါရစေဦး"

ရင်ခွင်ထဲအလိုက်သင့်ဝင်လာတဲ့အကောင်သေးလေးကိုဖက်ထားမှပဲစိတ်ချမ်းသာတော့သည်။ထပ်ပြီးကြယ့်ကိုစိတ်ပူအောင်မလုပ်တော့ပါဘူး။

ထိုစဉ်အခန်းထဲဝင်လာတဲ့လူတစ်ယောက်။
မျှော်လင့်မထားတဲ့သူဆိုပိုမှန်သည်။ဦးမျိုးမဟာ သူ့မျက်လုံးရှေ့ရောက်လာတဲ့ ရသော်စစ် ကိုမြင်သည်နှင့်ဒေါသထွက်ကာ

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora