part 21...

19.6K 1K 31
                                    


"ဦးမျိုးကလည်း သတိမရသေးတာပဲရှိတာ
အတွင်းဒဏ်ရာတွေရောအပြင်ဒဏ်ရာတွေပါ
အကုန်ကောင်းနေပီနော်

"ဟုတ်တယ်။ကယ်လေးသတိရဖို့ပဲ ကျန်တော့တယ်.....ဒါနဲ့အစောကြီးမုန့်လာပို့တာ ကျေးဇူးခွန်း။အရမ်းစားလို့ကောင်းတာပဲအရင်ကဆို ကယ်လေးကဝယ်ပေးလို့စားရသေးတယ်အခုတော့အိမ်ကလဲဝေး မစားရတာအတော်ကြာပီ"

မနက်အစောကြီး ကြယ်စားဖို့နန်းကြီသုပ်လာပေးတာ။ကြယ် စားချင်နေတော့အတော်ဖြစ်သွာသည်။မနက်အစောကြီးထရကျိုးနက်တာပေါ့။ကြယ်တို့ လမ်းထိပ်မှာရောင်းတဲ့ထိုနန်းကြီသုပ်ဆိုင်ကို ကြယ့်အိမ်လာတိုင်းအတူစားခဲ့ကြသည်။စားနေတာများတစ်ပွဲတောင်
လောက်ပါ့မလားလို့ ခွန်းတွေးမိသည်။နှုတ်ခမ်းတွေကလည်း ပေပွနေသည်မို့
တစ်သျူးယူကာ ကြယ့်ကို လှမ်းပေးလိုက်သည်။

"အား ဗိုက်တင်းသွားပီ..ကျေးဇူး ခွန်း။
ဒီနေ့ ငါနဲ့အိမ်မှာအတူနေပေးပါလား။
ပိတ်ရက်ဆိုတော့ ကိုကိုလည်းအိမ်မှာနေမယ်ထင်တယ်.."

"ကိုစစ်က မနိုးသေးဘူးလား..."

"မသိဘူး​..။ခွန်း နန်းကြီးသုပ်ဝယ်လာတယ်ဖုန်းဆက်ထဲက ကြယ်ကမျက်နှာထသစ်ပြီး စောင့်နေတာ..။အခုဆိုနိုးလောက်ပါပြီ... သွားကြည့်လိုက်ဦးမယ်"

"အင်းအင်း...ကိုစစ်အတွက်ပါ ပါတယ်"

"ခဏနော်...စားရင်းစောင့်နေ"

ကြယ် ထမင်းစားခန်းထဲကထွက်သွားတော့
မကုန်သေးတဲ့ နန်းကြီးသုတ်ကိုဆက်စားနေလိုက်သည်။ဘေးကခုံကိုလူဝင်ထိုင်တော
ကြည့်လိုက်တော့ ဟိုလူ။

"အစောကြီး အိမ်ကိုဘာလာလုပ်တာလဲ။
အစ်ကိုလေးကို မနက်စာလာပို့တာပေါ့"

"ဟုတ်တယ်...

"ကိုယ့်အတွက်ရော ပါလား.."

ထိုင်နေတာကိုတည့်တည့်မထိုင်ပဲသူများထိုင်နေတဲ့ ခုံကိုခွထားသလိုထိုင်နေပြန်ပီ။ခုံကိုဆွဲပြီးဟိုဘက်တိုးတော့လက်နဲ့ပြန်ဆွဲလာသည်။
အဲ့လို ဇိုးဇိုးဇက်ဇက်တွေကိုကြည့်မရတာ။

"ကိုယ့်အတွက်ပါလားလို့.."

"ခင်များမှာ မျက်လုံးမပါဘူးလား။
ဟိုမှာနှစ်ထုပ်ကျန်တယ်ကြယ်လဲစားပြီးပြီ။
ကျန်တာ ကိုစစ်နဲ့ခင်များ ဟာ"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Wo Geschichten leben. Entdecke jetzt