part-17

20.4K 1.2K 27
                                    


"ကြယ်လေးရေအောက်မှာမောင်စိုင်းနောင်ခွန်း ရောက်နေပြီ"

"ဟုတ်..ဟုတ်..ကြယ်အခုဆင်းလာခဲ့မယ်။
ဒေါ်ပြည့် အအေးလေးဖျော်ပေးထားနော်"

"အေးအေး..ကြယ်လေး.."

ကိုကိုက ခွင့်ပြုသည်မို့တစ်နေ့ကထဲကခွန်းကိုဖုန်းဆက်ပြီးညစာစားဖို့ဖိတ်ထားတာဖြစ် သည်။ခွန်းကဒီနေ့မှအားလို့လာတာဖြစ်၏။အလုပ်မရှိတဲ့ ခွန်းကသက်သက်များရှောင်သလားဟုကြယ်တွေးမိသေးသည်။ကိုကိုနဲ့ခွန်းကစတွေ့တဲ့နေ့ကသိပ်အဆင်မပြေကြတော့ ခွန်း မလာချင်လို့များလို့တွေးမိသေးသည်။

ကိုကိုနဲ့စကားစနိုးစနှောင့်ဖြစ်ခဲ့တော့စိတ်မဆိုးဖို့ပြောချင်ပေမဲ့ဖုန်းမကိုင်တော့စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။ဖုန်းရမှကိုကိုနဲ့ကိစ္စကိုတောင်းပန်ရင်းထမင်းစားဖတ်ရသည်။

ကြယ် အောက်မှာခွန်းအကြာကြီးစောင့်ရမှာစိုးလို့ရေချိုးပြီးတာနဲ့အဝတ်အစားလဲကာ အောက်ထပ်ကိုအမြန်ဆင်းသွားတော့သည်။

"ကြယ် ရေချိုးလက်ဆမို့စောင့်ရတာကြာသွားလား ခွန်း"

"ဆံပင်တွေရေစိုနေတာသေချာမသုတ်ခဲ့ဘူးလား။ဖျားနေအုန်းမယ်"

"ခေါင်းမလျှော်ထားဘူး။ရေနည်းနည်းထိ
တာရတယ် "

ကြယ် စကားပြောနေရင်း ခွန်း ဘေးကအထုတ်ဆီမျက်လုံးရောက်သွားသည်။သူကြိုက်တဲ့အာလူးကြော်ဘူးကထွက်နေသည်မို့မျက်လုံးလေးကအရောင်လက်လာသည်။

ခွန်း အငတ်လေးကိုကြည့်ပြီးခေါင်းလေးကို ပုတ်လိုက်သည်။အစားကိုတွေ့ရင်ဟန်မဆောင်နိုင်အောင်ဖြစ်တတ်သူလေးဖို့သူဝယ်လာခဲ့တာမလား။မပိုင်ဆိုင်နိုင်တော့ပေမဲ့စိတ်ချမ်းသာအောင်တော့သူငယ်ချင်းတစ်ယောက်အနေနဲ့လုပ်ပေးခွင့်ရှိသေးတာနဲ့ပင် ကျေနပ်ရသည်။

"ရော့ အဲ့လောက်ငတ်မနေနဲ့။မင်းအတွက်ပဲ ဝယ်လာတာ"

"သိတာပေါ့ ငါ့အတွက်ဆိုတာ"

တော်သေးတာပေါ့ ခွန်းကစိတ်မဆိုးနေလို့။တစ်ယောက်ထဲရှိတဲ့သူငယ်ချင်းကပစ်ထားရင်ရပ်တည်နိုင်တော့မှာမဟုတ်ဘူး။ခွန်းနဲ့ စကားကောင်းနေရင်းအိမ်ရှေ့မှကားသံကြား လိုက်ရသည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now