part-36 final

30.5K 1.2K 41
                                    

"ကယ်လေး "

"အင်း လာ ကြယ်လေး"

စာအိတ်ဖြူတစ်ခုကိုကိုင်ထားပြီးမျက်နှာမကောင်းဖြစ်နေတဲ့ကယ်လေးကဘာများဖြစ်လို့ပါလိမ့်။နှောင့်နှေးမနေတော့ပဲကယ်လေးရဲ့ရှေ့ကဆိုဖာခုံပေါ်မှာထိုင်လိုက်လေတော့ လက်ထဲကိုထိုစာအိတ်လေးကိုထည့်ပေးလေသည်။

"ကယ်လေး ဒါကဘာလဲ ဟင်"

"ဖွင့်ကြည့်လေ ရသော်စစ် ပို့လိုက်တာ"

"ကိုကိုကလား။ကြယ် ကိုကိုနဲ့မတွေ့ဘူးနော်။
ကယ်လေး စိတ်မဆိုးပါနဲ့နော်"

ဘာစာအိတ်ဆိုတာဖွင့်မကြည့်ပဲစိုးရိမ်နေပြန်ပြီ။ကယ်လေးရဲ့လုပ်ရက်က ရသော်စစ်ကို ခတ်တဲ့ပြစ်ဒဏ်ဆိုပေမဲ့ကယ်လေးရဲ့ချစ်ရတဲ့တူလေးကိုထိခိုက်မှာလည်းကယ်လေးတစ်ကယ် မလိုလားဘူး။

*ကိုကိုကလည်းဘာတွေပို့ပြန်တာလဲ။အရင်နေ့တွေကတော့မုန့်ကိုdeliနဲ့မဟုတ်ရင်ခွန်းနဲ့ထည့်ပေးနေပြီးတော့ဒီနေ့ကဘာကြီးပို့တာလဲ*

စဉ်းစားမနေတော့ပဲထိုစာအိတ်ကိုဖွင့်ကြည့်တော့စာချုပ်နှစ်ရွက်။သေချာဖြန့်ပြီးကြည့်လိုက်တော့မျက်လုံးတွေတောင်ပြာတက်သွားရသည်။မဟုတ်သေးပါဘူးဆိုပြီးမျက်လုံးနှစ်ဖက်ကိုပွတ်ကာကြည့်ပြန်တော့လည်းစာချုပ်ပါအကြောင်းအရာကနှစ်ဦးသဘောတူကွာ ရှင်းပြတ်ဆဲခြင်းတဲ့။ကိုကိုကဒါကိုပို့လိုက်တာတဲ့။

"ကယ် ကယ်လေး ဒါက ...ဒါကမဟုတ်ဘူးမလား။ကိုကိုကကြယ့်ကိုကွာရှင်းမယ်တဲ့လား
အဟင့် ...."

ကယ်လေး ရှေ့မှာတောင်ဟန်ဆောင်ပြီးအားမတင်းနိုင်တော့ပဲငိုမိတော့သည်။မယုံချင်ပေမဲ့ကိုကို့ရဲ့လက်မှတ်ကပါနေပြန်သည်။

"ဟုတ်တယ် ကြယ်လေး။မနက်ကသူ့တပည့်
ကိုးလ်လာပေးသွားတာ။ဒါကဘာသဘောလဲ။ရသော်စစ်ကတစ်လတောင်မပြည့်သေးဘူး လမ်းခွဲရလား"

"မဟုတ်ဘူးတစ်ခုခုမှားနေတာနေမှာပါ။ကိုကို့ကို ကြယ်သွားတွေ့လိုက်မယ်နော်အဟင့်!။ဟိုနေ့ကကိုကိုကတွေ့ချင်တယ်ပြောတာကြယ်ကသွားမတွေ့တော့ခဏစိတ်ဆိုးတာဖြစ်မယ်။အင့်......"

ပိုပိုလိုလိုရသော်စစ်ကိုခနဲ့တဲ့စကားပြောပေမဲ့
ကိုယ့်တူကအကောင်းမြင်နေသေး‌တော့ခက်သား။ရသော်စစ် မင်းကိုကြယ့်ကြောင့်ခွင့် လွှတ်ရတော့မည်။ဒါကငါ့တူလေးစိတ်ချမ်း သာဖို့အတွက်ပဲလေ။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora