part -7

21.9K 1.4K 20
                                    

စစ် ကြောက်နေရှာမဲ့အကောင်ပေါက်လေး
ကိုမျက်လုံးထဲမြင်ယောင်လာသည်။အရမ်းများကြောက်နေရှာမလား။ငိုနေမှာတော့ သေချာသည်။စိုးရိမ်စိတ်အပြည့်နဲ့ကားကို အရှိန်တင်ကာဆေးရုံကိုမောင်းလာခဲ့သည်။

ဆေးရုံရောက်တာနဲ့တွေ့တဲ့ဆရာဝန်တစ် ယောက်ကို ဦးမျိုးမဟာအကြောင်းမေးလိုက်သည်။

"ဒေါက်တာ.. ဦးမျိုးမဟာဆိုတဲ့လူနာဘယ်အခန်းမှာလဲ။ကား‌တိုက်မှု့နဲ့ရောက်လာတာပါ။သူ့အခြေနေရောသိလားဗျ"

ရသော်စစ် ​ဆရာဝန်လေးလက်ကိုဆွဲကာ
မေးခွန်းမေးမိသည်။သူ့ကိုယ်သူဘယ်လိုဖြစ်နေတယ်ဆိုတာတောင်သတိမထားမိနိုင်တော့ ပေ။ဦးမျိုးမဟာ ဆိုတာသူ့ရဲ့ရန်သူဆိုတာလဲသိသည်။ကလဲ့စားချေရမဲ့သူဆိုလဲဟုတ်သည်။ဒါပေမဲ့ကြယ့်ရဲ့ ဦးလေးလဲဖြစ်နေပြန်၏။အခုချိန်မှာကြယ့်ကိုစိတ်ပူနေတာရန်သူကိုစိတ်ပူတာမဟုတ်ပေ။

စစ်စိတ်ထဲမှာအရမ်းပူနေပြီမို့ကြယ့်ကို
တွေ့ရန်သာဆန္ဒပဲစောနေသည်။

"နာမည်တော့မသိဘူး အစ်ကို။ဒါပေမဲ့ကားတိုက်မှု့နဲ့ရောက်လာတဲ့လူနာတစ်ဦးတော့ရောက် နေတယ်။ ၃လွှာက operation roomမှာပါ။
​အခြေနေစိုးရိမ်ရလို့ဆရာဝန်ကြီးတွေကိုယ် တိုင်ခွဲစိတ်နေတယ်"

စစ်ထက်ငယ်ပုံရတဲ့ဒေါက်တာလေးကစစ်ကို လူနာရှင်ထင်ပြီးသေသေချာချာကိုပြောပြ သည်။စစ်လည်းဆရာဝန်လေးကိုကျေးဇူး တင်စကားပြောပြီး၃လွှာကိုခြေလျင်ပဲလှေ ကားကနေအမြန်တက်လာခဲ့သည်။

တွေ့ပါပြီ။ထိုင်ခုံမှာထိုင်နေလျက်မျက်ရည်  တွေကိုသူ့ရဲ့လက်လေးနဲ့သုတ်ပြီးပါးစပ်ကလဲဘုရားစာတိုးတိုးလေးရွတ်နေသည့်ကြယ်။ဦးလေးဖြစ်သူအမြန်နေကောင်းအောင်ဆုတောင်းနေရှာတဲ့ အကောင်ပေါက်လေး။

စစ် တစ်ကယ်ပဲဖြစ်နိုင်ရင်အကောင်ပေါက် လေးကိုရင်ခွင်ထဲထည့်ကာနှစ်သိမ့်ချင်သည်။ကျနေတဲ့မျက်ရည်တွေကိုလည်းသုတ်ပေးချင်သည်။အခုတော့လှေကားဒေါင့်ချိုးကွယ်ကနေငိုနေရှာတဲ့ ကြယ့်ကိုပုံးလျှိုးကွက်လျှိုးပဲကြည့်နေရသည်။

ကြယ့်ရဲ့ဘေးကလူကိုသူသေချာကြည့်တော့မှရန်ပိုင်ဆိုတဲ့သူ။ဦးမျိုးမဟာနဲ့အတူ,ထိုသူကိုတစ်ခါတွဲပြီးတွေ့ဖူးတော့စစ်မှတ်မိနေခြင်းဖြစ်သည်။ဦးမျိုးမဟာအားထားရတဲ့နောက်တပည့်တစ်ယောက်ဆိုလဲမမှား။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now