4 zawgyi

902 43 0
                                    

ပေးထားတဲ့အချိန်ကပြည့်ပြီဖြစ်လို့condoကို
Y&Y ကိုအပ်ရမဲ့နေ့လည်းရောက်လာတော့မည်။ဇော်ဇော်ကလည်းလုံးလုံးအဆက်အ သွယ်ကိုမရဖြစ်နေသည်။ခေါ်မရတာမဟုတ်ဘူး၊ဖုန်းမကိုင်တာလည်းမဟုတ်ဘူးစက်ပိတ်ထားတာဖြစ်၏။ဇော်ဇော်ဘာကြောင့်အခုလိုပျောက်သွားရတာလည်းဆိုတာအခုထိစဉ်းစားမရခဲ့ဘူး။

ရန်ပိုင်,ဇော်ဇော့်တိုက်ခန်းကိုလိုက်သွားတော့လဲတံခါးသော့ခတ်ထားသည်တဲ့လေ။အိမ်နီး ချင်းတွေကိုမေးတော့လဲအခန်းကပိတ်ထားတာ၂ပတ်လောက်ရှိပြီတဲ့။ဘာတွေဖြစ်ကုန်တာလဲဆိုတာသူလုံးဝမတွေးတတ်တော့ပေ။
ဇော်ဇော်သစ္စာဖောက်တာလား။ဒီလိုဖြစ်စရာအကြောင်းမှမရှိတာပဲ။ဇော်ဇော်နဲ့ရန်ပိုင်က သူအရမ်းယုံကြည်ရတဲ့ညာလက်ရုံးနဲ့ဘယ်လက်ရုံးလိုလူတွေလေ။မိသားစုနီးပါးဖြစ်နေတဲ့သူကအခုလိုကိစ္စကိုဘာအတွက်ဖန်တီးပြီးဒုက္ခပေးရတာလဲ။

အခုတော့အခြေနေတွေကိုရှင်းပြပြီးဘယ်လို တွေအဆင်ပြေအောင်လုပ်ပေးရမလဲဆွေး နွေးဖို့ y&y companyကိုလာခဲ့သည်။ဖြစ်သမျှအကြောင်းအကောင်းဆုံးဖြေရှင်းဖို့ဆိုတာထက်သူ့ကိုဘယ်လိုသက်ညှာပေးမလဲဆိုနာကိုလာဆွေးနွေးတာဆိုပိုမှန်ပေမည်။

"ဘာများ ကူညီပေးရမလဲရှင့်"

"CEO ရသော်စစ်နဲ့တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ရှင့်။ကြိုပီးချိန်းထားလားရှင်"

"မချိန်းထားပါဘူး။star ကဦးမျိုးမဟာ ရောက်နေတယ်လို့ပြောပေးပါ။အဆင်မပြေရင်တော့ ဦး နောက်မှချိန်းပြီးတစ်ခေါက်လာပါ့မယ်"

"ဟုတ်ကဲ့ရှင့်။ကျွန်မ boss ကိုသွားပြောကြည့်ပေးပါမယ်နော်။ခဏတော့စောင့်ပေးပါ ရှင့်"

"Ok

Condo ကိစ္စကဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာဦးမျိုးမဟာ စိတ်တွေလှုပ်ရှားနေခဲ့သည်။သူ့တို့လိုအပ်ချက်တွေကို y&yကအ ကုန်လိုက်လျောခဲ့တာမို့သူ့ဘက်ကလည်းအကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ဒါပေမဲ့အခုလိုတွေဖြစ်လာခဲ့လို့,ရသောစစ် တို့ဘက်ကစိတ်ပျက်မှာအသေချာပေ။ကိုယ့်လက် အောက်ငယ်သားကိုယုံမိလို့သူ့ဘဝမှာနောင် တအကြီးကြီးနှင့်ရင်ဆိုင်ရသလို၊ဒုက္ခဆိုလည်းလည်းမျက်ဝါးထင်ထင်မြင်လိုက်ရသည်။ဘယ်သူ့ကိုမှအပြစ်မတင်ချင်ပေမဲ့အခု‌အခြေနေတွေကသူ့အတွက်လက်ခံဖို့တစ်ကယ်ခက်သည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now