part-32

15.5K 830 5
                                    

အိပ်ပျော်နေတဲ့အကောင်ပေါက်လေးကတော့
‌ဘာမှမသိပဲငြိမ်းချမ်းစွာအိပ်ပျော်နေပေမဲ့
ရသော်စစ်ရဲ့ရင်ထဲမှာ‌တော့အရမ်းပူလောင်နေရပြီ။

ကြယ့် ကိုလည်းစိတ်ချမ်းသာ‌စေချင်သည်။
ဦးမျိုးမဟာဘက်ကပေးလာမည့်အပြစ်ဒဏ်ကိုလည်းတွေးပူပြီးစစ်ရင်ထဲမှာမအေးချမ်းပေ။

အေးချမ်းစွာအိပ်ပျော်နေတဲ့ ကြယ့်ကိုကြည့်ပြီး စစ်ကတော့သူ့ရင်ထဲကအပူတွေကိုငြီးထွားမိသည်။ပြတင်းပေါက်ကတိုက်ခတ်လာတဲ့လေတဖြူးဖြူးကြောင့်ကြယ်ကတော့ချမ်းလို့ထင်ပါရဲ့စစ် ရင်ခွင်ထဲကိုအတင်းကိုခေါင်း လေးတိုးဝင်လာသည်။

စစ် ကလည်း ကြယ့်ရဲ့ကိုယ်လုံးလေးကိုတင်း ကြပ်စွာပြန်ဖက်ထားပေးသည်။‌နဖူးပြေပြေလေးပေါ်ကဆံပင်စလေးတွေကိုသပ်တင်ပေးရင်မေးဖျားလေးကနေအနည်းပင့်ကာကြယ့် မျက်နှာလေးကိုမော့စေလိုက်သည်။

"ဦးမျိုးမဟာကဘယ်လိုအပြစ်ပဲပေးပေး
ကိုကိုလက်ခံပေးမယ်။ကြယ့်ကိုစိတ်ချမ်းသာစေချင်လို့ ကိုကို့ဘက်ကလိုက်ရောပေးမယ်။
ဒါပေမဲ့ ကြယ့် ကယ်လေးပေးတဲ့အပြစ်က
ကြယ့် အနားကထွက်သွားခိုင်းတာဆိုရင်တော့ကိုကိုကတော့ ကြယ် မုန်းတာခံရဦးမယ်ထင်တယ်"

ကြယ့် နဖူးလေးကိုအနမ်းလေးပေးရင်း
ရသော်စစ်ထိုစကားများကိုတိုးတိုးလေးပြောမိသည်။နောက်ထပ်ပါးလေးနှစ်ဖက်ကိုပါ
စစ်ရဲ့နှာခေါင်းချွန်ချွန်လေးနှစ်ဝင်သည်ထိနမ်းပြန်သည်။

*ဟူး ချစ်ရတာပင်ပန်းပေမဲ့မင်းမို့လို့ ကိုကို ချစ်တယ်...*

"နှုတ်ခမ်းလေးလဲ နမ်းပါဦး ကိုကို"

"နိုးနေတာလား ဆောရီး ကိုကို့ကြောင့်"

"ကယ်လေးကအဲ့လောက်မရက်စက်လောက်ပါဘူး။ကြယ်တို့ ကယ်လေးစိတ်ချမ်းသာအောင်ခဏလောက်ပဲခွဲနေရအောင်နော်"

စစ်ရဲ့ မျက်နှာကိုကြယ်သည်လက်ဖဝါးလေးနှစ်ဖက်နဲ့ကိုင်တွယ်ရင်းပြောရှာသည်။
စစ် သည်လည်း ကြယ့်စိတ်တိုင်းကျခေါင်းငြိမ့်ပြချင်ပေမဲ့သူမလုပ်နိုင်ခဲ့။ကြယ်ရောင်ခ ဆိုတဲ့မင်းကို ကိုကိုခွဲနိုင်မယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Where stories live. Discover now