"ကိုကိုကရေတောင်ချိုးပြီးနေပြီ။ကြယ်အင်္ကျီ ထုတ်ပေးမယ်နော်။ဒီနေ့အစည်းဝေးမရှိတော့ ပေါ့ပေါ့ပါးပါးပဲဝတ်မလား"
မနက်နိုးလာထဲကအခန်းထဲမှာကြယ့်ကိုမတွေ့ ပေ။အောက်ထပ်မှာမနက်စာသွားပြင်နေမှန်း စစ်သိသည်။အခုနောက်ပိုင်းကြယ့်ဘက်ကအများကြီးပြောင်းလဲလာသည်။ပြောင်းလဲလာသည်ဆိုတာထက်ပြောင်းလဲပေးသည်ဆိုပိုမှန်ပေမည်။အရင်ထက်လဲကြယ့်ဆီကဂရု
စိုက်မှု့တွေရသည်။ပိုပြီးရင်နှီးလာသည်လို့လဲ စစ် တွေးမိသည်။သူတစ်ခုခုအလိုမကျရင်စိတ်ဆိုးတတ်လာပြီး။သူမကြိုက်တဲ့အရာဆိုမကြိုက်သည်ကိုပြန်ပြောတတ်လာသည်။အရင်လိုပြန်မပြောပဲငြိမ်မနေတော့ပေ။အခုလိုကြယ့်ဘက်ကပွင့်လင်းပေးတာ စစ် လဲကျေနပ်မိသည်။
"ဘယ်တွေသွားနေတာလဲ။မိုးလင်းလို့ကိုကို
နိုးလာရင်အရင်ဆုံးမြင်ချင်တာဒီမျက်နှာလေးကိုဆိုတာမသိဘူးလား"အဖြူနဲ့အပြာနုရောင်အစင်းလိုင်းနဲ့shirtကို ယူရင်းသူ့အနားလာသည့် ကြယ့်,ကိုယ်လေးကို စစ်,ဆွဲဖက်လိုက်၏။မျက်နှာလေးကို လက်ဖျားလေးနဲ့ပင့်ကာနှုတ်ခမ်းလေးကို တစ်ချက်နမ်းလေသည်။
"ကိုကို အတွက်မနက်စာပြင်ပေးနေတာလေ"
"ဒေါ်ပြည့်တို့ရှိသားပဲ "
"သိတယ်လေ ။ဒါပေမဲ့ကြယ်ကအိမ်ထောင်ရှင်လေ။ကိုကိုကအလုပ်လုပ်ပြီးစီးပွားရှာနေတာ ကြယ်ကဂရုစိုက်ရမှာပေါ့"
"လိမ္မာလိုက်တာကွာ။ကိုကို့ ချစ်မဝလေး"
ရင်ခွင်ထဲကအကောင်ပေါက်လေးကိုပိုတိုးလို့ ဖက်ထားမိသည်။
"ကိုကို အင်္ကျီဝတ်တော့လေ။ကြယ်လဲကိုကို
ဖက်လွန်းလို့ အသက်ရှုကြပ်နေပြီ""Morning kiss "
"ခုနကနမ်းပြီးပြီလေ ကြယ်လဲရေချိုးဦးမယ်"
လူလည်လေးထပ်အနမ်းခံရမှာကြောက်လို့
ရေချိုးခန်းထဲဝင်ပြေးဖို့လုပ်သည်။ရသော်စစ် ကိုဒါမျိုးတော့မရဘူး။ထွက်ပြေးချင်သူလေးကိုပွေ့ချီပြီးမွေ့ယာပေါ်ချလိုက်တော့"ကိုကို ဖယ်ကွာ။ကြယ် ...အား အဟိဟိ
ကိုကို..."စစ် ကလိတွေထိုးတော့ကြယ်တွန့်လိမ်နေပြီး
အော်တော့သည်။သူ့ရဲ့လက်သေးသေးတွေနဲ့စစ်ရဲ့လက်တွေကိုတွန်းဖယ်နေပြန်သည်။
မောနေမှာစိုးလို့ စစ် ဆက်ပြီးကလိမထိုးတော့ပဲကြယ်ကို ဆွဲထူလိုက်သည်။
VOCÊ ESTÁ LENDO
အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)
Romanceunicode မှူးရဲ့ ပထမဆုံး OC လေးပါ😘 စိတ်ကူးယဥ်ဇာတ်ကောင်လေးတွေမို့ တစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးနော် Warning မှူးရဲ့ ပထမဆုံး OC လေးပါ😘 စိတ်ကူးယဉ်ဇာတ်ကောင်လေးတွေမို့ တစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးနော် Warning