part-34...

14.7K 852 14
                                    

"ခွန်း ဒီနေ့အစ်ကိုလေးနဲ့သွားတွေ့ဦးမှာလား"

အလုပ်စားပွဲကနေလှမ်းမေးတဲ့အဲလက်စ်ကို
ခွန်း သုန်မှုန်စွာကြည့်လိုက်သည်။သူကကိုယ်
အပြင်သွားမှာကိုပဲမျှော်လင့်နေတဲ့သူလိုပင်။
အခုတစ်လောခြေလှမ်းပျက်နေတဲ့ အဲလက်စ်ကို ခွန်း မကျေနပ်ပေ။

"ဘာလို့မေးတာလဲ .."

"ဘာမှမဟုတ်ပါဘူး။ဒီနေ့အစ်ကိုလေးနဲ့တွေ့ပြီးကိုယ့်ဘာသာပြန်လာခဲ့နော်။ကိုယ်ကိစ္စလေးရှိလို့သွားပြီးရင်အိမ်ကိုပဲတန်းပြန်လာမယ်

ဒီလူဘာဖြစ်နေတာ။အခုလိုလုပ်နေတာ၄ရက်လောက်ရှိနေပြီ။ဦးမျိုး ဆေးရုံကဆင်းထဲက ကြယ်တို့သည်အရင်နေတဲ့အိမ်မှာသွားနေကြ ၏။ကြယ်နဲ့ကိုစစ်တို့ခွဲနေထဲကကြယ့်ကို စိတ်ညစ်နေမှာစိုးလို့အလုပ်ပြန်ရင်သွားတွေ့ပေးနေထဲကအဲလက်စ်ပုံစံကထိုသို့ဖြစ်နေတာပင်။

ထိုသို့သွား‌သည်ကိုမကြိုက်တာသိပေမဲ့အဲလက်စ်ဘက်ကဘာတစ်ခွန်းမှပြောမလာတာမို့ကြယ့်ဆီကိုရုံးဆင်းရင်ခဏတော့သွားဖြစ် သည်။ရုတ်တရတ်ကြီးအခုလိုလူကိုဂရုမစိုက်တော့တာကြီးကဒေါသဖြစ်စေသည်။သဝန် တိုနေတာတော့မထင်ရဲပါဘူး။သဝန်တိုရင်ဘေးနားကနေလိုက်ရမှာလေ။

"ခင်များ အသစ်တွေ့နေတာလား အဲလက်စ်"

ကြောင်တောင်တောင်ဖြစ်သွားတဲ့အဲလက်စ်
က ခွန်းကိုပြန်ကြည့်လေသည်။

"အသစ်တွေ့နေရင် ကျွန်တော့်ကိုလွှတ်ပေး"

"ဘာတွေပြောနေတာလဲကွာ။ကိုယ်ကဘာကိစ္စအသစ်တွေ့ရမှာလဲ။အဓိပ္ပါယ်မရှိတာတွေနဲ့ကိုယ့်ကိုမရစ်နဲ့ ခွန်း"

"ဘာ !!! ကျွန်တော်ကရစ်တယ်ဟုတ်လား။
အခုတစ်လောခင်များအချိုးတွေပြောင်းနေတာခင်များသိမှာပါ။ကျွန်တော်အများကြီးမပြောချင်ဘူး။ကြယ့် ဆီသွားမှာအပြန်လာမကြိုရင်လည်း ရတယ်"

"ခွန်း ခွန်း!!"

ဒေါသနဲ့ထွက်သွားတဲ့ ခွန်းကတော့အဲလက်စ်ရဲ့စကားကိုအရေးမလုပ်ပဲတံခါးကိုအသံမြည်အောင်ထိပိတ်ကာထွက်သွားလေသည်။
အဲ့လက်စ်လည်း ဆံပင်တွေကို စိတ်ရှုပ်စွာ
ထိုးဖွရင်း

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora