part-9

22K 1.4K 26
                                    


မေ့လဲသွားတဲ့ကြယ့်ကို စစ်နဲ့မေမိုးနီးစပ်ရာဆေးခန်းကိုကုသဖို့ခေါ်လာခဲ့သည်။အနီးစပ်ဆုံးမိုးမေတ္တာဆေးရုံကိုမေးမိုးမောင်းလာခဲ့သည်။ဆေးရုံမရောက်ခင်လမ်းတစ်လျှောက်လုံးစစ်သည်မျက်နှာလေးဖြူစုတ်နေပြီးမေ့မျောနေတဲ့ကြယ့်ကိုရင်ခွင်ထဲထည့်ကာဖက်ထားလေသည်။ထိုသို့စိတ်ပူနေတဲ့ရသော်စစ်ကို backမှန်ကနေကြည့်ပြီးမေမိုးမှာတော့လိုက်မမှီအောင်ပင်အတွေးတွေတန်းစီနေ၏။သူမ,မေးချင်ပေမဲ့အခုတော့ဆေးရုံကိုသာအရင်ရောက်အောင်ကားကိုဂရုတစိုက်နဲ့မောင်းလာခဲ့သည်။

ဆေးရုံရောက်တော့ဆရာဝန်ပြောချက်အရကြယ်ကစိတ်ဖိစီးမှုများနေသည်တဲ့။ဟုတ်မှာပါလေ ဦးမျိုးမဟာကသူ့တူကြယ်ရောင်ခကို
ပိုးလေးလိုနေမထိအောင်ဥထားပြီးအရမ်းချစ်တာမို့စိတ်ဖိစီးမဲ့ကိစ္စတွေကိုမပြောပြမှအသေချာပင်။

အခုလိုဦးမျိုးမဟာကဆေးရုံမှာမေ့မျောနေပြီးအကြွေးတွေကပတ်လည်ဝိုင်းနေတော့ဒီကလေးဘယ်လိုခံနိုင်ရည်ရှိပါ့မလဲ။ဆေးခန်းကုတင်ထက်မှာမလှုပ်ရှားပဲငြိမ်သက်နေသည့်
အကောင်ပေါက်လေးကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရသည်။

ဆရာဝန်ကြီးအကုန်စစ်ဆေးပြီးတော့မစိုးရိမ်ရဘူးအိမ်ပြန်ခေါ်ချင်ခေါ်ဆိုလို့သူ့အိမ်ကိုပဲကြယ့်ကိုခေါ်လာခဲ့သည်။မေမိုးလည်းစစ်ရဲ့မျက်နှာကမကောင်းတော့မေးချင်နေသည့်များကိုနောက်မှမေးဖို့တွေးလိုက်ရသည်။စစ်တို့ကိုလိုက်ပို့ပေးပြီးသူမကတော့condoကိုသာပြန်လာခဲ့သည်။

ရသော်စစ် ခုတင်ပေါ်မှာအိပ်ပျော်နေတဲ့ကြယ့်ရဲ့လက်ကလေးတစ်ဖက်ကိုဆုပ်ကိုင်ထားကာ ကြယ် နိုးလာဖို့မျှော်လင့်နေသည်။ဦးလေးဖြစ်သူဆေးရုံတက်ရတော့အကောင်ပေါက်လေးဘယ်လောက်တောင်ပင်ပန်းနေလိမ့်
မလဲ။ဒီကြားထဲသူကပါစိတ်ပင်ပန်းအောင် လုပ်နေတာမလား။

ဦးမျိုးမဟာနဲ့ပတ်သတ်ရင်သူ့စိတ်တွေကအစိုးမရအောင်ဒေါသစိတ်ကထိန်းချုပ်မရ။ထိုကြားထဲကြယ်ကဓားစားခံဖြစ်သွားရသည်။ဘာလို့များဦးမျိုးမဟာရဲ့သွေးသားဖြစ်နေရတာလဲကြယ်ရယ်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora