part-22

17.9K 1K 34
                                    

ကိုက်ခဲနေသည့်ခန္တာကိုယ်ကိုဖြည်းညင်းစွာလှုပ်ရှားရင်း ခွန်းနိုးလာခဲ့သည်။ဘေးကိုကြည့်တော့ဟိုလူမရှိတော့ပေ။ညကအဖြစ်ပျက်‌တွေကိုပြန်မြင်ယောင်ပြီးဘာအပြစ်မှမရှိတဲ့ကုတင်‌ကိုထုရိုက်ရင်းမျက်ရည်ကျလာသည်။

လူပျော့တစ်ယောက်မဟုတ်ပေမဲ့အခုအခြေနေကခံပျင်းစရာကောင်းလှသည်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း
အံတွေကိုကြိတ်ထားမိသည်။လှုပ်ရှားလိုက်တိုင်းခါးကလဲတစ်ဆစ်ဆစ်နဲ့ကိုနာနေသည်။

အဝတ်စားတွေကိုလိုက်ရှာတော့ညကအပြင်ကဆိုဖာနားမှာသူ့အင်္ကျီတွေကိုအဲလက်စ်ချွတ်ပစ်ခဲ့သည်ကိုသတိရသွားသည်။စောင်ကိုပတ်၍ကုတင်ကဆင်းကာဗီရိုထဲကမဝတ်ချင်ပေမဲ့အဲလက်စ်ရဲ့အင်္ကျီနဲ့ဘောင်းဘီကိုယူဝတ်လိုက်သည်။

"နိုးနေပြီပဲ ရေမချိုးဘူးလား။ကိုယ်ရေစပ်ပေးမယ်လေ"

အရှက်မရှိတဲ့သူကအင်္ကျီလဲနေသည်ကိုအနောက်ကနေလာဖက်ရင်းလည်တိုင်တွေကိုနမ်းနေပြန်သည်။

"ခင်များ လက်တွေကျွန်တော့်ကိုယ်ပေါ်က‌နေ
ဖယ်ပေးပါ"

"မနေ့ညက ကိုယ်လည်းပင်ပန်းသွားလို့သန့် ရှင်းရေးသေချာမလုပ်ပေးလိုက်ရဘူး။အခု နှုံးနေလိမ့်မယ်ရေချိုးလိုက်နော်။ကိုယ်မနက်စာဝယ်ထားပြီးပြီ"

"ခင်များ လက်တွေဖယ်ပေး!!!!ရွံတယ်လာမထိနဲ့ ...."

သူပြောချင်တာတွေကိုသာပြောပြီးဖက်ထားတာကိုမလွှတ်ပေးဘူး။ရွံတယ်၊အရမ်းရွံတယ် သူ့ကို။ထိုလူ့ဘက်လှည့်ပြီးရင်ဘတ်ကိုစောင့်တွန်းလိုက်လေတော့

"စိုင်းနောင်ခွန်း!!!!မင်းကိုချစ်လို့ဒီလောက်ထိကိုယ်သည်းခံနေတာ။ကိုယ့်ရဲ့သည်းခံနိုင်အားကိုလာမစမ်းနဲ့"

ခွန်းသည် ဘာမှထပ်မပြောတော့ပဲအခန်းထဲကထွက်ဖို့လုပ်သည်။အဲလက်စ် အခန်းထဲက ထွက်သွားဖို့လုပ်နေသူကိုလက်မောင်းကနေပြန်ဆွဲလိုက်ရင်း

"ဒါကဘယ်လဲ။မင်းကိုရေချိုးလို့ပြောနေတယ်လေ"

"ခင်များလိုချင်တာယူပြီးပြီမလား။အခု
ကျွန့်တော့်ကိုလာမပတ်သတ်နဲ့တော့။ကျွန်တော့်ဘဝမှာခင်များကအမှောင်ခြမ်းကလူ
တစ်ယောက်ဘဲ။တွေ့လဲမတွေ့ဖူးဘူးပတ်လဲမပတ်သတ်ဖူးဘူး။နောက်ဆုံးကုန်ကုန်ပြောမယ်ခင်များဆိုတဲ့လူကကျွန်တော့်ဘဝမှာပုံရိပ်အဖြစ်နဲ့တောင်မရှိခဲ့ဘူးလို့သတ်မှတ်လိုက်မယ်"

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora